Arc(3.11)

2.8K 621 58
                                    

Unicode

Arc(3.11)

[ဟီထျန်း?]

တစ်ဖက်လူက သူ့ကို အချိန်ကိုက် မတုန့်ပြန်လာတာကြောင့် ရှီရှန်းသည် တစ်ခုခုတော့ မမှန်တော့ဘူးဟု ခံစားလိုက်ရသည်။

 တစ်ခုခုများ ဖြစ်သွားလို့လား?

သို့သော်လည်း, တစ်ခုခုလွဲမှားနေကြောင်း သူရှာတွေ့ရင်တောင် သူ့ quests တွေကို အမြန်ဆုံး ပြီးအောင် လုပ်ရုံကလွဲရင် တစ်ခြားဘာမှ မလုပ်နိုင်ပေ။

အာတီမစ်က နန်းတော်ပြန်ပြီး သတင်းပို့စရာ လိုအပ်တဲ့ အဆင်ပြေသော နေ့တစ်နေ့မှာ ရှီရှန်းသည် နောက်ဆုံးတော့ အမျိုးသမီး ဇာတ်လိုက်နဲ့ ပြန်တွေ့ရန်အချိန်ရသွားရသည်။

"Sorry, အာတီက ဒီရက်တွေမှာ ခံစားချက် သိပ်မကောင်းဘူး ဖြစ်နေလို့"

အယ်လာက အလျင်အမြန်ပင် လက်ကိုခါယမ်းပြသည်။

"မဟုတ်တာ, သူ့ရဲ့ အဲ့ဒီလိုပုံစံနဲ့ ကျွန်မ အစောကတည်းက အသားကျပြီးသားပါ, ကျွန်မက ရှင့်ကိုပဲ စိတ်ပူနေတာ, ရှင်ကသူနဲ့ ရင်းနှီးပြီးတော့ ရှင့်ကို စိတ်ဆိုးသွားတော့ ရှင့်အတွက် ခက်ခဲမှာစိုးတာ"

ရှီရှန်းက သူမကို စိတ်ချရတဲ့ အပြုံးတစ်ခုပေးလိုက်သည်။

"အဲ့ဒါက မင်းနဲ့ဘာမှ မသက်ဆိုင်ပါဘူး, ဘယ်လိုပဲဖြစ်ဖြစ်ပါ, ဒီနေ့မင်းမှာ အချိန်ရှိလား?"

ထိုစကားကိုကြားတော့ အယ်လာသည် သတိလက်လွတ်ဖြင့် ခေါင်းညိတ်ပြမိသည်။ သူမလည်း သူနဲ့အတူ အချိန် ကုန်ဆုံးချင်သည်လေ။ သို့သော်လည်း သူမအရမ်းကို စိတ်အား ထက်သန်သွားကြောင်း သဘောပေါက်လိုက်တာကြောင့် အလျင်စလိုပင် ဆင်ခြေတစ်ခုရှာလိုက်သည်။

"ဒီနေ့က self-study မို့လို့"

သူမရဲ့ အကြပ်အတည်းကို သတိမပြုမိဟန်ဖြင့် သူက ခပ်လွင်လွင်လေးရယ်လိုက်၏။

"ငါနဲ့အတူ ဈေးသွားဖို့ကို ဘယ်လို သဘောရလဲ?"

အယ်လာရဲ့ မျက်လုံးများက ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားရသည်။ ပုံမှန်ဆိုရင် ကျောင်းသားများအနေနဲ့ အထူးတလှယ် အခြေအနေမရှိဘူးဆိုရင် အကယ်ဒမီက ထွက်သွားဖို့ မဖြစ်နိုင်ဘူးလေ။ သို့သော်လည်း ဒီလူက ဘယ်လောက်တောင် အေးဆေးသက်သာနေလဲ ဆိုတာကို မြင်တဲ့အခါမှာတော့ ကြည့်ရတာ သူ့မှာထွက်ဖို့ နည်းလမ်းရှိပုံရသည်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now