Arc(4.11)

2.3K 391 36
                                    

Unicode

Arc(4.11)

ယွီယွမ်ရဲ့ မျက်လုံးများက မယုံကြည်နိုင်မှုနဲ့ ပြုးကျယ်သွားရသည်။

ရိုးရိုးသားသားပြောရရင် ယဲ့ရှယ်က အဆိုမကောင်းဘူးဆိုပြီး စွပ်စွဲခံရတာ သုံးလကျော်ပဲ ရှိသေးတာလေ။ အသုံးမဝင်တဲ့ အလှပန်းအိုးတစ်လုံးက အသင်းရဲ့ စွမ်းဆောင်ရည်ကို ပျက်ပြားစေခဲ့တယ် ဆိုပြီးတော့

ဒါပေမဲ့ အဲ့ဒီ တူညီတဲ့လူကပဲ စင်ပေါ်မှာ တစ်ခြားဘယ်သူထက်မဆို ပိုပြီး တောက်ပနေခဲ့တယ်

ဒီလူက အဲ့ဒီ အရည်အချင်း မရှိဘူးလို့ အခေါ်ခံနေကြလူ ဖြစ်နေမယ်လို့ ဘယ်သူမှ ယုံမှာတောင် မဟုတ်ဘူး

အရင်တုန်းက တမင်သက်သက်များ သူ့ခွန်အားတွေကို ဖုန်းကွယ်ထားခဲ့တာလား?

အကယ်၍ သူ့လက်ရှိ စွမ်းရည်ရဲ့ ဆယ်ပုံတစ်ပုံလောက်သာ ပြသနိုင်ခဲ့ရင်တောင် သူ့အဖွဲ့ဝင်တွေကို အလွယ်တကူ လွှမ်းမိုးနိုင်မယ်ဆိုတာ သံသယဝင်စရာ မလိုဘူး။

ဒါပေမဲ့ ဒါက သူစဉ်းစားဖို့ လိုအပ်တဲ့ အရာမဟုတ်ဘူး ဘာဖြစ်လို့လဲဆိုတော့ Nirvana ရဲ့ အထောက်အထားက သူမကို မျက်မှောင်ကြုတ်မိစေတယ်

လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက မုရှုံးရဲ့ စွမ်းဆောင်ရည်က ဒီလောက် မကောင်းသေးဘူး ဆိုတာ သူမ သိထားတယ်လေ ပြောရရင်တော့ DeviL အဖွဲ့ လှုပ်ရှားနေတုန်းကပေါ့

ယဲ့ရှယ်ရဲ့ ထူးခြားထင်းထွက်လှတဲ့ သီဆိုနိုင်မှု စွမ်းရည်က သီချင်းထဲမှာ အပိုင်းအနည်းငယ်ပဲ ပါရတာမို့လို့ သူညံ့တယ်ဆိုတာ လူတိုင်းက တိုက်ရိုက် မဆုံးဖြတ်နိုင်ဘူးလို့ ရှင်းပြလို့ ရတယ်

ဒါပေမဲ့ မုရှုန်းက main vocalist ဖြစ်နေတာမို့လို့ သူ့အပိုင်းက အရမ်းများတယ်လေ

ယွီယွမ်က သူမရဲ့ မျက်လုံးများကို အနည်းငယ် မှိတ်လိုက်ပြီးနောက် မကြာခင် ယဲ့ရှယ် မျက်နှာဖုံး ချွတ်တဲ့အချိန်မှာ ဖြစ်လာတော့မယ့် ပြဿနာများကိုသာ ရင်ဆိုင်ဖို့ သူမအာရုံကို ပြောင်းလဲလိုက်တော့လေသည်။

အသင်းတစ်ခုတည်းက အဖွဲ့ဝင်နှစ်ယောက်က အချင်းချင်း ယှဉ်ပြိုင်ကြပြီး အဆိုးဆုံးဆိုတဲ့ အဖွဲ့ဝင်က အကောင်းဆုံး အဖွဲ့ဝင်ကို အနိုင်ပိုင်းနိုင်ခဲ့တယ်....ဒီခေါင်းစဉ်က သတင်းသမားတွေအတွက် ရေးစရာအများကြီး ရလာစေလိမ့်မယ်

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now