Plz don't leave me,Babe
"Off မင်း အလုပ်ဆင်းလိုက်တော့လေ..အချိန်လဲ မလစ်တော့ဘူး"
လွတ်နေသည့် စားပွဲခုံများကို သုတ်ရင်း Offမော့ကြည့်လာသည်။
ထို့နောက် အပြုးံလေးနဲ့...
"မပြန်သေးဘူး Gulf... ငါ့ အလုပ်ချိန် မပြီးသေးဘူး"
Gulf ထိုင်နေရာမှ ထကာ စိတ်မရှည်သည့် ပုံစံဖြင့်
Offလက်ထဲမှ အဝတ်ကို ဆွဲယူလိုက်သည်။"ထားလိုက်တော့...ဟိုနေ့က.. .ငါ့အစားလုပ်ပေးထားတာမို့
ငါ့ ဒီနေ့ပြန်လုပ်ပေးမယ်...သွား..ပြန်တော့...မင်း ဖျားရင်
ငါ့ မပြုစုနိုင်ဘူး""Ok...ဒါဆို ဒီနေ့ မင်းကို အားကိုလိုက်မယ်.."
"အမ်...ပြန်တော့.."
Offလည်း Gulf ကို အားနာတာကြောင့် ပေတေပြီး မနေတော့။
တစ်ယောက်တည်း ရှိတော့တော့ အမေရဲ့ ဆေးဖို့ကို ရှာရင်း
ကျောင်းတက်နေတဲ့ Offကို Gulf တကယ် လေးစားမိပါသည်။အနားမနေလုပ်တာကြောင့် Offတစ်ယောက် လဲကျခံနီးနေပြီ။
အိပ်ရေးပျက်တာလဲ များတာကြောင့် ခေါင်းထဲ နောက်ကျိကျိနဲ့
နေရခက်ကာ အမြင်များ ဝေဝါးနေသည်။လမ်းကူးမည် ဖြစ်တာကြောင့် မီးပွိုင့်ကို ကြည့်သော်လည်း
အစိမ်းလိုလို အနီလိုလိုနှင့် ကားလမ်း ရှင်းတာကြောင့်
Offလမ်းကူးလိုက်သည်။Offခြေလှမ်းများ လေးလံကာ ဆက်လျှောက်ရန်ပင် ခက်ခဲနေသည်။
တစ်ဖက်ခြမ်းသို့ အမြန်ရောက်အောင် ကူးနေသော်လည်း
လေးလံနေသော ခြေထောက်များက ခွင့်မပြု။အားစိုက်ကာ ကားလမ်းမကို ကြည့်လိုက်တော့ မိမိဆီလာနေသည့် ကားတစ်စီး။
.....................
"Gulf ဟိုဘက်အခန်းထဲကို မှာထားတာတွေ သွားပို့လိုက်အုးံ"
"ဟုတ်ကဲ့..Phi..."
"ဂရုစိုက်နော် Gulf... အဲ ဧည့်သည်က အရေးကြီးတယ်"
"ဟုတ်ကဲ့ပါ..Phi ကျွန်တော်ကိုသာ စိတ်ချလိုက်ပါ"
မှာထားတဲ့ သောက်စရာများက များတာကြောင့် Gulf တံခါးကို တင်ပါးလေးနဲ့ပင် တွန်းဖွင့်ရသည်။
![](https://img.wattpad.com/cover/250132602-288-k968961.jpg)
YOU ARE READING
Plz don't leave me,babe (Completed)
Fantasyငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက်သတ်ချစ်မိတဲ့ စီနီယာအကိုကြီးရဲ့ အမှောင်ဘက်ခြမ်းက ပုံရိပ်နဲ့ အဖြစ်မှန် တစ်ခု..... ငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက...