Plz, Don't leave me Babe
မနက်ခင်းနေရောင်ခြည်သည် မှန်ပြတင်းပေါက်မှတစ်ဆင့်
Mew၏မျက်နှာသို့ ရိုက်ခတ်လာသောအခါ မျက်ဝန်းများပွင့်လာသည်။ညက အိမ်မက်မက်သည်။အိမ်မက်ထဲမှာ Babeက ဆွဲဆောင်မှုရှိလွန်းသည်။နှုတ်ခမ်းဖူးဖူးလေးများကလဲသူအား
ပြန်လည်နမ်းရှိုက်သည်။ပေါင်တံသွယ်သွယ်လေးများကလဲ
Mew၏ပခုးံပေါ်တွင်သာ။ဟက်...နွေဦးအိမ်မက်တွေမက်နေတယ်။Babeတော့ နေပြန်ကောင်းလာရင် လွယ်မှာမဟုတ်ဘူး။
ဘေးနားမှ ကိုယ်လုးံလေးအား ရင်ခွင်ထဲဆွဲသွင်းရင်း နဖူးလေးအားနမ်းလိုက်သည်။
"မောနင်း...Babe "
"အင်း..ဟင်း"
ညီးသံလိုအသံကြောင့်ရင်ခွင်ထဲသို့ထည့်ထားသောလူသားအားကြည့်မိလိုက်သည်။
May.....သူမက ဘယ်လိုလုပ်.....
Mew ရုတ်တရက်ထ ထိုင်မိလိုက်သည်။ထိုးကိုက်လာသော
ခေါင်းကြောင့် မျက်လုးံများမှိတ်ထားမိလိုက်သည်။ငါ့..အခုဘာတွေ မြင်ယောင်နေတာလဲ။
မျက်လုးံကို ထပ်မံဖွင့်မိသော်လည်း ဘေးနားမှ Mayသည် ပျောက်မသွား။မနေ့ညက အဖြစ်အပျက်များကို ပြန်၍ စဉ်းစားမိသော်လည်း ခေါင်းထဲသို့ ဝင်ရောက်လာခြင်းမရှိ။
ကျစ်....
Mew ဘေးနားမှ ဖုန်းကို ကြည့်လိုက်တော့ Boom၏နံပါတ်မှ အဝင်ကောများနှင့် အိမ်တော်ထိန်း၏ အဝင်ကောများဟာ ရဲရဲတောက်လျက်။
စိတ်ပူ၍ ဖုန်းပြန်ဆက်လိုက်မိသည်။
"ဟယ်လို..."
"ဟယ်လို သခင်ကြီး...ဘာလို့ ဖုန်းမကိုင်ရတာလဲ..."
"ဘာဖြစ်လို့လဲ"
"မနေ့က သခင်လေး..အကောင်ကြီးကနေ
ထဖောက်လို့...ဆေးရုံတင်ထား...."တီ...တီ...တီ...
Mew ဖုန်းချကာ ကုတင်လေးမှ ပြန့်ကျဲနေသော အဝတ်များအား အမြန်ကောက်ဝတ်လိုက်သည်။
"Mew..."
အိပ်ချင်မူးတူးအသံဖြင့် Mayတစ်ယောက် နိုးလာခဲ့သည်။
VOUS LISEZ
Plz don't leave me,babe (Completed)
Fantasyငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက်သတ်ချစ်မိတဲ့ စီနီယာအကိုကြီးရဲ့ အမှောင်ဘက်ခြမ်းက ပုံရိပ်နဲ့ အဖြစ်မှန် တစ်ခု..... ငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက...