Plz don't leave me,Babe
Gulf တစ်ယောက် Noနှင့် တွေ့ပြီးသည်နှင့်
Mewကို တွေ့ချင်လာတာကြောင့် တစ်ခါမှ မသွားဖူး
သည့် Mew၏ ကုမ္ပဏီကို သွားရန် ပြင်ဆင်လိုက်သည်။"ကိုကို ကုမ္ပဏီကို မောင်းပါ"
Gulf အမိန့်ပေးလိုက်သည်နှင့် ဒရိုင်ဘာလည်း
စတင် ထွက်ခွာလေသည်။ကြီးမားလှသော အဆောက်အဦးကြီး တစ်နည်းအားဖြင့်
ကိုကို ကုမ္ပဏီ။ အရင်က Gulf အိမ်မက်က ကုမ္ပဏီမှာ
တရးဝင် ဝန်ထမ်း အဖြစ်နဲ့ လုပ်ပြီး ချစ်ရသူနှင့်
အတူနေမယ်လို့ စိတ်ကူးထားသူ။အခုလား။ အိမ်မက်အတိုင်း မဖြစ်ပေမဲ့ ပိုပြီး ပျော်ရသည်။
Gulf ကုမ္ပဏီ၏ ဧည့်ကြိုကောင်တာမှ CEO ဆီသို့
သွားရန် လမ်းညွန်ယူလိုက်သည်။သို့သော်လည်း ကြိုတင်ချိန်းဆိုမှု မရှိလျှင် တွေ့ခွင့်မရနိုင်သူ
မို့။Gulf လည်း Mewကို ဖုန်းလှမ်းဆက်ကာ
"ဟယ်လို...ကိုကို.."
"ပြောလေ..Babe ဘာဖြစ်လို့လဲ.."
"ဟိုလေ...Babe အခု ကိုကိုရဲ့ ကုမ္ပဏီကို ရောက်နေတယ်..."
"Ok....ကိုကို အခု လာခေါ်မယ်... အဲနေရာကနေ
တစ်လက်မတောင် မရွေ့ဘဲ စောင့်နေနော်"တင်ပြချက်များကို မကြိုက်၍ လူသတ်မည့် အရိပ်အယောင်
များဖြင့် ဖုံးလွမ်းနေသည့် CEOက ချက်ချင်းပင်
လူပြောင်းသွားသလို နူးညံကာ ဖုန်းဖြေနေတာကြောင့်
အစည်းဝေးခန်းရှိ လူများ ပြောစရာ စကားပင်မရှိ။ဖုန်းချပြီးသည်နှင့် ထ၍ ထွက်သွားသော် CEO
ကြောင့် ဝန်ထမ်းများ အခုမှပဲ အသက်ရူချောင်တော့သည်။Mew အစည်းဝေးခန်းမှ ထ ထွက်လာပြီး Gulfရှိရာသို့
လိုက်လာခဲ့သည်။ဟော...တွေ့ပါပြီ...အချစ်ကလေး..ဟိုကြည့် ဒီကြည့်နဲ့
လျှောက်ကြည့်နေတယ်။ကုမ္ပဏီက ဝန်ထမ်းမလေးများ တစ်ချို့ကလည်း
Gulf ကို ကြည့် ကြည့်သွားကြသည်။Gulf ကလည်း အာနာတတ်သည့် လူမျိုး ဖြစ်တာကြောင့်
ပြုးံပြလာသူကို ပြန်လည် ပြုးံပြသည်။
YOU ARE READING
Plz don't leave me,babe (Completed)
Fantasyငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက်သတ်ချစ်မိတဲ့ စီနီယာအကိုကြီးရဲ့ အမှောင်ဘက်ခြမ်းက ပုံရိပ်နဲ့ အဖြစ်မှန် တစ်ခု..... ငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက...