Plz don't leave me,Babe
"Air လာခဲ့..."
Off Air ၏ လက်ကလေးကို ကိုင်ကာ နှစ်သိမ့်ပေးနေသည်။
"မကြောက်နဲ့နော်...Air... ခဏလေးရယ်...ကိုယ် ဒီက
စောင့်နေမယ်..ဟုတ်ပြီလား"Air ခေါင်းငြိမ့်ပြလိုက်သည်။ ပုံမှန်ဆို အကိုဖြစ်သူနဲ့
ဆေးလာစစ်ပေမယ့် ဒီနေ့တော့ ချစ်သူနဲ့အတူလာခဲ့သည်။ဒါက Air ဖြစ်ချင်တဲ့ဆန္ဒထဲက တစ်ခုပဲလေ။မသေခင်လေးပေါ့။
Air ဝင်သွားတော့ Off စိတ်ပူမိသည်။ ချစ်သူလို မချစ်ပေမယ့်
ညီလေးလိုတော့ ချစ်သည်မို့။ပြီးတော့ Offကိုယ်တိုင်က
ထိုလူပမာကလေးကို အသုးံချမိနေသည်မဟုတ်လား။Air ပြန်ထွက်လာတော့ မျက်နှာက သိပ်ပြီးမအီသာပေမယ့်
Offကို တွေ့တာနဲ့ ချက်ချင်းပင် အပြုးံလေးတစ်ခါဖန်းဆင်းလျက်။"Off သွားကြရအောင်လေ..."
"နေဦး...Air...ကိုယ့်ကိုအခြေအနေပြောပြအုးံ"
"အာ..စိတ်မပူပါနဲ့...Air နေကောင်းပါတယ်."
ပြောရင်းနဲ Off လက်မောင်းကို ချိတ်ရင်း
"Off... Air တို့ ဒီနေ့. Date လုပ်ရအောင်"
Off ပြုးံပြီး ခေါင်းငြိမ့်ပြလိုက်သည်။
မုန့်ရသွားလို့ ပျော်ရွှင်နေသည့်အပြုးံလေးဖြင့် Off ပခုးံပေါ်
Air ခေါင်းငြိမ့်ရင်း ကစားကွင်းလေးလို့ ချီတက်လာခဲ့သည့်။"Off....နော်...နော်...တစ်ခါတည်းပါ...Please"
"မရဘူး...ကိုယ့် ရောဂါကို ကိုယ်သိရဲ့သားနဲ့"
"ဒါပေမယ့်...Air မှ တစ်ခါမှ မစီးဖူးတာ...ငယ်ငယ်လေးတည်းက Air စီးကြည့်ချင်နေခဲ့တာ...ဖေဖေနဲ့မေမေက တစ်ခါမှ ပေးမစီးခဲ့ဘူး..."
Air စကားကြောင့် Off သနားမိသွားသည်။ မွေးရာနှလုးံရောဂါသည် ကောင်လေးက ရိုလာကိုစတာစီးချင်နေသည်တဲ့။
"Air... အဲဒါအစား ကိုနဲ့ ရဟတ်စီးရအောင်..."
"ဟွန့်...ပြီးရော...နှစ်ယောက်တည်းနော်"
"ဟုတ်ပြီ..."
လေးယောက်စီးသည့် ရဟတ်ကို နှစ်ယောက်တည်းစီးလိုက်သည်။
အမြင့်ဆုးံရောက်တော့ အပြင်ကိုလည်း ကြည့်ချင်ပေမယ့်
ကြောက်နေတဲ့ ကောင်လေးရဲ့လက်ကို ကိုင်လိုက်တော့
မျက်လုးံဖြေးဖြေးချင်းဖွင့်ကြည့်လာတဲ့ကောင်လေး။
![](https://img.wattpad.com/cover/250132602-288-k968961.jpg)
VOUS LISEZ
Plz don't leave me,babe (Completed)
Fantasyငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက်သတ်ချစ်မိတဲ့ စီနီယာအကိုကြီးရဲ့ အမှောင်ဘက်ခြမ်းက ပုံရိပ်နဲ့ အဖြစ်မှန် တစ်ခု..... ငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက...