အပိုင်း (၄၂)

676 80 17
                                    

Plz don't leave me,Babe

Mew အိမ်ကြီးသို့ပြန်ရောက်တော့ အမောပြေလေး
ရှိသည့်အခန်းထဲသို့ ဝင်လိုက်သည်။ ကုတင်ကြီးထက်ရှိ
ဘေးတစ်နေရာတွင် အိပ်ပျော်နေသော ချစ်ရသည့်Babe

ကုတင်အလယ်တွင်တော့ ဖြူဖြူလုံးလုံးလေး လက်မလေးကို
ပါးစပ်ထဲသို့ ထည့်ပြီး တပြွတ်ပြွတ်စုတ်ကာ အိပ်ပျော်နေသော ကလေး။

ထိုဖြူဖြူလုံးလုံးလေးကို အသာလေးပွေ့ချီလိုက်ပြီး ကုတင်အသေးလေးဘက်သို့ ပြောင်းရွေ့ပေးလိုက်သည်။

Babeဘေးနားတွင် မိမိကလွဲပြီး တစ်ခြားဘယ်သူ့ကိုမှ
မတွေ့ချင်သည်မှာတော့အမှန်ပင်။

ကုတင်ထောင့်စွ့န်းတွင်အိပ်ပျော်နေသော Babeကို
ရင်ခွင်ကြီးထဲထည့်ပြီး Babe၏ လည်တိုင်နားသို့ မျက်နှာ
အပ်ကာ ကိုယ်သင်းနံကို တစ်ဝကြီးရှုပစ်လိုက်သည်။

"အမ်.....အမွှေးဆုံး ရေမွှေးလေးပေး။"

အပြုံးရေးရေးလေးပေါ်လာပြီး စိတ်ကျေနပ်သွားတာကြောင့်
Mewလည်း အိပ်စက်ခြင်းဆီသို့။

ညလယ်နှစ်နာရီလောက်တွင် အကောင်သေးလေး၏
ငိုသံကြောင့် Mew မျက်မှောင်များကြုံရင်း နိုးလာသည်။ရင်ခွင်ထဲရှိ Babeက တစ်လှုပ်လှုပ်ဖြစ်လာတာကြောင့်
အကောင်သေးလေးကို အမှန်ချီပြီး ချော့နေလိုက်သည်။

မူးယစ်ရာဇာဂိုဏ်း၏ သခင်ကြီးသည် ကလေးတစ်ယောက်အငိုတိတ်အောင် ဘယ်လိုချော့ရမလဲ သိလျှင် ထူးဆန်းနေမည်။

အခန်းထဲတွင် နှစ်ခေါက်သုံးခေါက်လောက် လမ်းပတ်လျှောက်လိုက်တော့ အငိုတိတ်သွားသည်။

သို့သောလည်း လုံးလုံးအငိုမပြတ်သေးသည့် အကောင်သေးလေးကြောင့် Babeနိုးလာမည်ကို စိုးရိမ်ပြီး
အခန်းပြင်သို့ ထွက်လိုက်သည်။

အခန်းပြင်သို့ ထွက်သွားသည်နှင့် မှောင်ရိပ်ကျနေသော
ကုတင်ထက်၏ ကောင်လေးသည် ပြုံးလိုက်မိသည်။

ကိုကိုက တကယ်ကို ခန့်ချောကြီးပဲ

ထို့နောက်တော့ Gulf နောက်ထပ်မနိုးတော့ဘဲ အိပ်ပျော်သွားတော့သည်။

Plz don't leave me,babe (Completed) Où les histoires vivent. Découvrez maintenant