အပိုင်း (၅၄)

478 49 5
                                    

Pls don't leave me,Babe

"သားကိုလွှတ်ပေး....လွှတ်ပေးလို့... မနေချင်ဘူး အခန်းထဲမှာ.. ကိုကို လူဆိုးကြီး "

ကလေးတစ်ယောက်၏ တံခါးကိုထုကာ ငိုနေသည့်အသံမှာ အပေါ်ထပ်တစ်ထပ်လုံးဖုံးလွှမ်းနေတော့သည်။ Deno ထိုဆူညံသံများကြောင့် နိုးထလာခဲ့သည်။သို့သော် Deno ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ချက်များကြောင့် ထရန်ပင်အတော်လေး အချိန်ယူလိုက်ရသည်။ ထိုဒဏ်ရာများသည်လည်း Deno ၏ဖခင် Jack ၏ လက်ချက်ကြောင့်ပင်။

Deno အခန်းထဲရှိငိုသံပိုင်ရှင်ကို သိချင်စိတ်ဖြင့် တံခါးဖွင့်ကာ ဝင်ရန်ပြင်လိုက်သည်။ သို့သော်လည်းတံခါးသည် သော့ခတ်ထားသည်။ အိမ်တော်ထိန်းကြီး၏အခန်းကို ခိုးဝင်၍ သော့ကိုယူကာ ဖွင့်၍ အခန်းထဲသို့ဝင်ရောက်လာခဲ့သည်။
ပြောင်ရှင်းနေသည့်မိမိအကိုဖြစ်သူ Mew ၏အခန်းသည် မိမိအခန်းထက် အဆပေါင်းများစွာသာသည်။

ရှိုက်သံလေးသာထွက်ပေါ်နေ့သည့် အသံပိုင်ရှင်လေးသည် ကုတင်အောက်တွင်ပုန်းလို့နေသည်။
Deno ကုတင်အောက်သို့ ငုတ်ကြည့်လိုက်သည့်အခါ တွေ့လိုက်ရသည့်ကျောပြင်သေးသေးလေး။ထိုကောင်လေးကို ကုတင်အောက်မှဆွဲထုတ်လိုက်သောအခါ ရုန်းကန်၍ပါလာသည်။ ရုန်းကန်လွန်းပြီး Deno ၏ဗိုက်နေရာသို့ ခြေထောက်ဖြင့်ကန်မိသည့်အခါ ဒဏ်ရာအားထိမိသဖြင့် နာကျင်သွားတာကြောင့် Deno ထိုကလေးကို လွှတ်ချလိုက်မိသည်။

ထို​နောက် ကုတင်ပေါ်သို့ ထိုင်လိုက်ကာ နာကျင်နေသောဗ်ိုက်ကို ဖိထားလိုက်သည်။ Deno ၏နာကျင်နေသော မျက်နှာကို တွေ့သွားသောအခါ ထိုကလေးသည် တုန်တုန်ရီရီနှင့် ရှေ့နားသို့ကပ်လာပြီး

"သား...သား တမင်လုပ်တာမဟုတ်ပါဘူး....သားကြောက်....ကြောက်လို့ပါ "

ကြောက်ကြောက်လန့်လန့်နှင့် မတော်တဆဖြစ်သွားကြောင်းပြောပြနေသည့် ထိုကလေး၏မျက်ဝန်းတွင် မျက်ရည်ကြည်လေးများလဲ့နေသည်။

"နာ...နေလားဟင် "

ရှေ့သို့အနည်းငယ်ထပ်တိုးလာပြီး Deno ၏ဗိုက်နားသို့ ကိုင်ကာ မေးလိုက်သည်။ ပထမဆုံးအကြိမ် မိမိ၏ ခံစားချက်ကို မေးလာသည့်သူကြောင့် နာကျင်မှုကိုပင် မေ့လျက် ထိုကလေးကိုသာ စိုက်ကြည့်နေမိသည်။

Plz don't leave me,babe (Completed) Donde viven las historias. Descúbrelo ahora