အပိုင်း(၄)✔

1.2K 92 2
                                    

မြေအောက်ခန်း တံခါးကို Mew ဖွင့်လိုက်သည်နှင့်
မဲမှောင်နေသော အခန်းက တစ်ခဏတာ လင်းလက်သွားသည်။

မြေပြင်နဲ့ ခြေထောက်နဲ့ပင် လွတ်နေပြီး ဂုတ်မှ အသားများကို
ချိတ်ဆွဲသည့် ချိတ်နှင့် ချိတ်ဆွဲထားတာကြောင့် ထိုလူ၏
နောက်ကျောမှ သွေးကြောင်းများဟာ မြင်မကောင်းအောင်ပင်။

နာကျင်လွန်းလို့ မေ့မောနေသည့်သူကို Mew မှ ရေပုးံဖြင့်
ပတ်လိုက်သည်။

ရေများမွန်း၍ ထိုလူ နိုးထလာသောအခါ ဂုတ်ပိုးမှ နာကျင်မှုများဟာ တစ်စွတ်ထိုး ဝင်ရောက်လာသည်။

"နိုးပြီလား..."

"မင်း...မင်း..ဘယ်သူလဲ...ဘာကြောင့် ငါ့ကို ဖမ်းတာလဲ.."

"ဟက်...ဘာကြောင့်လဲဆိုတာ သိချင်သေးတယ်ပေါ့."

"ငါ့..နာနေပြီး။ ကျေးဇူးပြုပြီး ငါ့ကို အောက်ကို ချပေးပါ"

"ခင်ဗျား နာတာလေ ။ ကျွန်တော်နဲ့မှ မဆိုင်တာ.."

Mew သည် ပြောရင်းနှင့်  မြေပြင်ကို လွတ်နေသည့်
ထိုသူ၏ ခြေထောက်များကို အနည်းမကာ အပေါ်သို့ တင်ရန် ပြင်ပြီး ပြန်ဆွဲချလိုက်တာကြောင့် မူလ ချိတ်ဆွဲခံထားရသည့်
နေရာမှ သွေးများ ထပ်မံစီးကျလာပြီး နာကျင်လွန်းတာကြောင့်
ထိုလူ မျက်ဖြူပင် စိုက်နေရသည်။

Mew လည်း ရှည်ဝေးမနေတော့ဘဲ ထိုသူ၏ ခြေချင်းဝတ်များကို ဓားဖြင့် ဖြတ်လိုက်သည်။ ထိုနောက် လက်ကောက်ဝတ်ကိုရော ထိုအတိုင်းပင်။

တဖြည်းဖြည်း သွေးများကုန်ဆင်းပြီး ဆတ်ငံဆတ်ငံ ဖြင့် ​သေသွားမည့် ထိုလူက Mew စီးကရက်ကို ဖွာကာ ကြည့်နေသည်။

Babe ကို ထိသူတိုင်းရဲ အဆုးံသတ်က နောက်နေ့နေကို
မမြင်ရခြင်း။

နောက်နေ့ နေကို မမြင်ရခင် ကိုယ်တိုင် သတ်ပေးရန် တောင်းဆိုသည့်အထိ ဝန်ဆောင်မှုပါ ပေးတတ်သည်မှာ
Mew ပင်။

ထို့နောက် Mew ဟာလည်း မြေအောက်အခန်းမှ ထွက်လာခဲ့သည့်။ မြေအောက်အခန်း၏ တံခါးဝတွင် စောင့်နေသော နောက်လိုက်တစ်ယောက်ကို အထဲမှ
အမှိုက်ကို ရှင်းပစ်ရန် ပြောလိုက်သည်။
..........
"Ding.....Ding.....Ding...."

Plz don't leave me,babe (Completed) Where stories live. Discover now