အပိုင်း ( ၄၄)

640 78 21
                                    

Plz don't leave me, Bebe

ဧည့်ခန်းတွင်လူသုံးယောက်ထိုင်နေသည်။ အိမ်တော်ကြီး၏ သခင်​ဖြစ်သူကတော့ နဂိုမျက်နှာအေးစက်စက်နှင့်။ ထိုသူ၏ ဘေးတွင်တော့
သွယ်လျကာ ဖြူစုတ်နေသာ ကောင်လေးသည်
မှီရင်းထိုင်နေသည်။

Gulf သည်လည်း သူ၏မျက်နှာချင်းဆိုင်မှ ပူးကပ်နေသည့် လူနှစ်ဦးကြောင့် စိတ်မသက်သာဖြစ်လာရသည်။ Gulf အနောက်ဘက်တွင် မတ်တပ်ရပ်ကာ Lucas လေးကို ချီထားသော အစေခံရှိသည်။

Mew သည် ထို Lucas လေးချီထားသော အစေခံအား Lucas အား သူဆီခေါ်လာရန် အမိန့်ပေးလိုက်သည်။ Lucas အထိန်းတော်ကလည်း
Gulf ခေါင်းငြိမ့်ပြမှုကြောင့် Lucas လေးကို
သခင်ကြီးဆီသို့ပေးလိုက်သည်။

Mew ဒီကလေးက သူကလေးဆိုပေမယ့် သူ့စိတ်ထဲတွင် မလိုချင်။ သူက ဖခင်မပီသတဲ့သူလား။
ကလေးကလဲ သူဆီတွင် မနေချင်၍ မျက်နှာချင်းဆိုင်မှ ကောင်းလေးဆီကို လက်တုတ်တုတ်လေးများ ဆန့်ထုတ်ပြီး သူအပေါ်တွင် ကော့လန်နေတော့သည်။

စိတ်ရှုပ်လာ၍ Mew လည်း ကလေးကို ပြန်ပေးလိုက်သည်။

"ကိုကို ဘေဘီ ပင်ပန်းနေပြီ "

ချစ်ရသူက ပင်ပန်းနေပြီမို့ Mew လည်း နှစ်ယောက်အတူတူအပေါ်ထပ်သို့ တက်သွားသည်။
အတွင်းရေးမှူး ဆိုတဲ့ Boom က သူ့အခန်းအား လိုက်ပြပေးသည်။

"Boom ကျွန်တော်ကို ရှင်းပြပါအုံး အချိန်တွေအကြာကြီး ထွက်သွားတဲ့ ကိုကိုက ဘာလို့....ဘာလို့ တခြာတစ်ယောက်နဲ့ "

ငိုသံများ ပါလာပြီး Gulf ဆက်ပြောရန်ပင် အားမရှိတော့။ Boom သက်ပြင်းရှည်ကြီး ချလိုက်ပြီး

"ကျွန်တော်တို့ ဒီတစ်ခါ အရေးကြီးတဲ့ ပစ္စည်းတင်ပို့ရေးရှိလို့ သခင်ကြီးကိုယ်တိုင် ပါဝင်ခဲ့တာ။ ရဲတွေက သတင်းရသွားခဲ့တယ် "

"ခဏ...ရဲ....ရဲဆ်ိုတော့ ဘာအလုပ်မို့လို့လဲ "

"သခင်ကြီး ဘာအလုပ်လုပ်လဲဆိုတာ သခင်လေး
သိပါတယ် ကိုယ့်ကို ညာနေတာရပ်လိုက်ပါတော့ သခင်လေး ထင်တဲ့အတိုင်း သခင်ကြီးက လူကောင်းတစ်ယောက်မဟုတ်ဘူး မှောင်ခိုလောက ကသခင်တစ်ယောက်။ "

Plz don't leave me,babe (Completed) Donde viven las historias. Descúbrelo ahora