အပိုင်း (၁၉)

925 76 9
                                    

Plz don't leave me, Babe

Gulf...သူရှေ့က မှောင်မဲပြီး အဆုးံမရှိသည့် လမ်းကို
လျှောက်နေမိသည်။ မျက်မမြင်ကဲ့သို့ အမှောင်လမ်းထဲ
လျှောက်ရင်း အလင်းရောင်လေးတစ်ကြောင်းကို သူတွေ့
လို့က်တယ်။ Gulf ဝမ်းသာသွားပြီး အလင်းကြောင်းလေး
ရှိရာဆီသို့ ပြေးသွားလိုက်သည်။ နောက်ဆုးံ အလင်းကြောင်း
လေးဆီ ရောက်တော့ ထိုအလင်းကြောင်းကလေးကနေ
ကြည့်မိလိုက်သည်။ ယောက်ျားကြီးတစ်ဦးနှင့် မိန်းမတစ်ဦး
ဒူးထောက်လျက် မျက်နှာတွင် လည်း ထိုးနှပ်ရိုက်ထားသကဲ့
သို့ ဖူးယောင်ကာ နှုတ်ခမ်းနားတွင်းလည်း သွေးများဖြင့်
နီရဲနေသည်။

"ဒိုင်း.....ဒိုင်း....!"

သေနတ်သံအဆုးံ Gulf ပါးစပ်မှ ကိုယ်တိုင်တောင်
သတိမထားမိဘဲ ထိုစကားကို ထွက်သွားလိုက်သည်။

"ဖေဖေ....မေမေ..."

မျက်ရည်တွေ စီးကျလျက် အလင်းကြောင်းလေးမှ မြင်နေရ
သည့် မြင်ကွင်းသေးသေးလေးကြောင့် Gulf ရင်ထဲ
စုတ်ပြတ်သွားရသည်။

"အင်း....ဟင်း...အီး.."

ငိုသံကြား၍ ဘေးကို ကြည့်လိုက်တော့ Gulf ရောက်နေသည့် နေရာက ဗီဒိုတစ်ခုထဲဖြစ်ပြီး ဘေးနားမှာလဲ
၁၂နှစ်အရွယ် ကောင်လေးတစ်ယောက်က ဘောလုးံလေးကို
ပိုက်ကာ သူ၏ လက်သေးသေးလေးများဖြင့် နှုတ်ခမ်းကို
အတင်းပိတ်ရင်း ငိုကြွေးနေသည်။ Gulf ကောင်လေးအား
ထိရန် ကြိုးစားသော်လည်း ထိ၍မရ။

"ဘာလဲ...!...ငါ...ငါ့...သေသွားပြီလား"

အပြင်က သူစိမ်းများထွက်သွားတာတောင် ကလေးလေးက
အကြောက်လွန်၍ ငိုနေတုန်။ အလင်းကြောင်းလေးကနေ
အလင်းတန်းကြီးအဖြစ်ပြောင်းသွားပြီး မျက်နှာတွင် သွေး
တစ်ချို့ပေနေတဲ့ ကိုကို....။

"ကိုကို...!"

Gulf မျက်လုးံများ ပွင့်လျက် Mew၏ နာမ်စားလေးကို
ခေါ်လိုက်မိသည်။ ဘေးနားမှ ဆရာဝန်ကြီးကလဲ သခင်လေး သတိရလာကြောင့် ဝမ်းသာကာ ဘေးနားမှ အစေခံကို
အကြောင်းကြားရန် လွှတ်လိုက်သည်။ မိနစ်ပိုင်းပင် မခြား
Mewတစ်ယောက် ချွေးများဖြင့် အခန်းထဲသို့ ဒုန်းဆိုင်းရောက်လာခဲ့သည်။

Plz don't leave me,babe (Completed) Where stories live. Discover now