Pls don't leave me,babe
မနက်စာထမင်းဝိုင်းတွင် အရင်နေ့များနှင့်မတူစွာ မျက်လုံးတွင်ပီတိအပြုံးမှာ ဝေဆာနေသော Mew ကို Pai သတိထားမိသည်။
"အာ...."
ထိုအပြုံးတွေက Pai တစ်ဖက်က Gulf ကိုကြည့်ရင်းဖြစ်ပေါ်လာတယ်ဆိုတာကိုရော။
"ပါး....စား "
"ပါးပါးလည်း စားမယ်နော် Lucas လေးအရင်ဗိုက်ဝအောင်စားနော် "
ဟမ်းစတားလေးလို ပါးနှစ်ဖက်နဲ့ တမြုံမြုံဝါးရင်း စားနေသည့် Lucas လေးကို မြင်သူတိုင်း မချစ်ပဲမနေနိုင်ကြ။
"ကိုကို ကျွန်တော် ကိုကိုအလုပ်ကို လိုက်ခဲ့မယ်နော် "
Pai စကားဝင်ပြောမှ Mew သတိထားမိတော့သည်။
"ဟမ်...! ဘာလို့လဲ "
"အိမ်မှာက ပျင်းလို့ပါ ကိုကိုအလုပ်ကို လိုက်ပြီး အဖော်ပြုပေးမယ်လေ နော် နော်လို့ "
Pai ၏ ချွဲနွဲပြောပုံလေးက အမှန်တကယ်ပင် ချစ်ဖို့ကောင်းသည်။ Mew အလုပ်ကိုမခေါ်ချင်ပေမယ့်လည်း လိုက်ခဲ့ရန်သာ သဘောတူလိုက်သည်။
Mew ကောင်လေးကို တစ်ချက်ကြည့်လိုက်ပေမယ့် မလိုလားသည့် ပုံစံမပြသည်မို့ သက်ပြင်းချနိုင်သွားသည်။ သူကိုယ်သူပင် ရည်းစားနှစ်ယောက် တစ်ပြိုင်တည်းထားမိပြီး အလုပ်များနေသူလိုပင်။
"ကိုယ် အစည်းဝေးရှိသေးတယ် Pai ရုံးခန်းထဲက စောင့်နေနော် "
"ဟုတ် "
Pai တက်ကြွစွာ ခေါင်းငြိမ့်ပြလိုက်ပြီး ရုံးခန်းထဲသို့ ဝင်သွားသည်။
Pai ထွက်သွားသည်နှင့် Mew အနားသို့ Beom ရောက်လာခဲ့သည်။
"သခင်ကြီး စုံစမ်းခိုင်းတဲ့ ကိစ္စသိရပါပြီ "
Mew Pai သူ့အားတိုက်နေကျ ဆေးကို Beom အားစုံစမ်းခိုင်းသည့် ကိစ္စဖြစ်သည်။
"ပြော "
"မူးယစ်ဆေးတွေပါ....သခင်ကြီး စသောက်ရင်ခေါင်းကို ကြည်လင်ပြီး စွဲသောက်ရင် မှတ်ဉာဏ်ပါ ချို့ယွင်းနိုင်ပါတယ် အောက်လမ်းတွေမှာ အလွယ်တကူဝယ်လို့ရပါတယ် ပြီးတော့
သခင်ကြီး ထပ်စုံစမ်းခိုင်းတဲ့ စာရွက်ဖြူထဲက ပစ္စည်းတွေကလည်း ဆေးတွေပါပဲ။ အဲဆေးတွေအကြောင်းတော့ စုံစမ်းလို့မရခဲ့ပါဘူး ။နောက်ဆုံးသဲလွန်စအနေနဲ့ ဆေးတွေက စမ်းသပ်ဆဲ ဆေးတွေပါ။ အကျိုးကျေးဇူးနဲ့ ဆိုးကျိုးလည်း မသိရသေးပါဘူး "
![](https://img.wattpad.com/cover/250132602-288-k968961.jpg)
YOU ARE READING
Plz don't leave me,babe (Completed)
Fantasyငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက်သတ်ချစ်မိတဲ့ စီနီယာအကိုကြီးရဲ့ အမှောင်ဘက်ခြမ်းက ပုံရိပ်နဲ့ အဖြစ်မှန် တစ်ခု..... ငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက...