အပိုင်း (၁၀)

1.1K 90 0
                                    

Plz don't leave me, Babe

"ဟေ့....ဘယ်လို ဖြစ်ရတာလဲ..."

Offတစ်ယောက် Gulf ဆေးရုံအခန်းထဲသို့ ဝင်လာလာခြင်း
ဆူပူလိုက်သံကြောင့် မျက်လုးံလေး မှေးကာ ပြုးံပြနေသည်။

"မနေ့က တိုက်ခန်းကိုလည်း ပြန်မလာဘူး...ငါ့အထင် မင်း တခြား သူငယ်ချင်းဆီမှာ အိပ်တယ် ထင်နေတာ..".

"မဟုတ်ရပါဘူး....Gulf..."

"အခုရော..သက်သာပြီလား.."

"အမ်...ဆရာဝန်က ဆင်းလို့ရပြီတဲ့.."

"Ok....အဲဆို ခဏစောင့် ငါ့ သွားရှင်းလိုက်အုးံမယ်"

"နေအုးံ Gulf ဆေးရုံဖိုးက ရှင်းပြီးသွားပြီ...ပြန်ရုံပဲ.."

"မင်းဘာသာ မင်း ရှင်းတာလဲ.."

"မဟုတ်ဘူး..မနေ့က ငါ့ကို ဆေးရုံပို့ပေးတဲ့ တစ်ယောက်.."

"ဘယ်သူလဲ..."

"မသိဘူး...ကြည့်ရတာတော့ သူဌေးသားလေး ဖြစ်မယ်ထင်တယ်.."

"ထားပါ...ငါ့ ပစ္စည်းတွေ သိမ်းလိုက်အုးံမယ်..ခဏစောင့်.."

"အမ်.."

Gulfလည်း offတွင် ပါလာသည့် မများလွန်းသည့် ပစ္စည်းများကို လိုက်သိမ်းသည်။ Off သူကို လှမ်းခေါ်တာကြောင့်လည်း သူပျော်မိပါတယ်။ အနည်းဆုးံတော့ Offက သူငယ်ချင်းအပေါ် မှီခိုတတ်လာတာပေါ့။ ဘဝနာသူမို့ အမေကလွဲရင် ဘာမှမသိတဲ့ ကောင်လေးက သူနဲ့ တိုက်ခန်းကို စပ်တူဌားဖို့ ဖြစ်လာခဲတယ်။ အစပိုင်းမှာတော့ ခက်ခဲခဲ့ပေမဲ့ အတူနေတာ ကြာတော့ အကြောင်းသိလာတာကြောင့် Gulfဘက်က အလျော့ပေးကာ လိုက်ပေါင်းခဲ့သည်။ Offသည် လူများကို ယုံကြည်မှုကင်းမဲ့သူ တစ်ယောက်ဖြစ်ပြီး တစ်ယောက်တည်းသာ နေတတ်တာကြောင့် သူငယ်ချင်း ဖြစ်ဖို့ ခဲယဉ်းခဲ့ပေမယ် နောက်ပိုင်းတော့ အဆင်ပြေလာကြတယ်။

............................

Mew အတွက် နေ့လည်ကအဖြစ်မျိုးကို မကြိုက်။ Babeမှာ သူထက်ပိုပြီး ဂရုစိုက်ရမယ့်သူရှိမှာကို မလိုလားတာတော့အမှန်။Babeနားမှာ နားခိုမဲ့လူတွေ
များလာလေလေ ပိုပြီးဂရုစိုက်ရလေလေ။

ဟုတ်တယ်။ သူခြေလှမ်းတွေ နောက်ကျနေပြီ။ ဒီထက်ပိုပြီး
အချိန် ဆွဲနေရင် တစ်သက်လုးံ ဆုးံရူးံရမလားတောင်မသိဘူး။
တစ်သက်လုးံဆုးံရူးံရမယ်။ အတွေးနဲ့တင်သေအောင်သတ်နိုင်တာမို့ မဖြစ်နိုင်ဘူး။

Plz don't leave me,babe (Completed) Where stories live. Discover now