အပိုင်း (၁၆)

1K 75 0
                                    

Plz don't leave me, Babe

၅နှစ်ရှိပြီ။ ကျွန်တော်နဲ့ သူခင်မင်ခဲ့တာ။

Gulf ထွက်သွားတော့ ကျွန်တော် တကယ်အထီးကျန်ခဲ့ပါ
တယ်။

ပုံမှန်ချိန်ဆို တစ်ယောက်တည်း နေတာများပေမဲ့ ဒီကောင်လေး ဝင်လာချိန်မှ စပြီး ကျွန်တော်ဘဝက
လုးံဝကို ဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ရတယ်။

ကလေးဆန်လွန်းတဲ့ အပြုအမှုကို သဘောမကျပေမဲ့
ထိုကောင်လေးကတော့ ချွင်းချက်။

ပိုက်ဆံကို ရေလိုသုးံပြီး ပိုက်ဆံနှင့်သာ ဖြေရှင်းတတ်သော
သူစရိုက်တာ မကြိုက်တာတော့ အမှန်ပင်။

ဘွဲ့ရပြီးလို့ ကုမ္ပဏီတစ်ခုတွင် အလုပ်သင်အဖြစ်ဝင်ရောက်လုပ်ကိုင်သည်။

တရားဝင်ဝန်ထမ်းဖြစ်တော့မှာမို့ အားလုးံကို သည်းခံကာ
ရွာမှာ ကျန်ခဲ့သည့် အမေထံ ပိုက်ဆံပို့နိုင်ဖို့သာ အဓိကဟု
မှတ်ယူထားသူ။

"Off...ဒါလေး.."

အအေးဘူးလေး လာပေးသည့် ကောင်မလေးက သူနှင့်
အလုပ်တူတူ လုပ်သည့် အလုပ်သင်ကောင်မလေးပင်။

မိတ္တကူးနေသော Offကို ထိုကောင်မလေးက အအေးဘူးလေးအား လက်ထဲ ထိုးပေးရင် ထွက်သွားသည်။

အလုပ်ဆင်းချိန်ထက်ပိုပြီး OT ဆင်းနေရတာကြောင့်
Off တကယ်ပင်းပန်းနေပြီး။

သို့သော်လည်း သူက အလုပ်သင်ပဲမို့လား။

ပေးလာသည့် အအေးဘူးလေးကို အိတ်ထဲ ထည့်လိုက်ပြီး မိတ္တကူးပြီးသား စာရွက်များကို စားပွဲပေါ်သို့ အတည်တကျ
ပြန်ထားပြီး Off ရုးံဆင်းလိုက်သည်။

ပြိုင်ကား အနီရောင်လေးရဲ့ ဘေးမှာ မတ်တပ်ရပ်ကာ
ကားကို မှီထားသည့် ကောင်ချောလေးအား ရုးံဆင်းလာသော ဝန်ထမ်းကောင်လေး ကောင်မလေးများက ကွက်ကြည့်
ကွက်ကြည့်နှင့်။

ကျစ်...စိတ်ရူပ်လိုက်တာ။ ကိုယ့်လမ်းကို မသွားကြဘူး။

ဒီလို ကြည့်ခံရတဲ့ ခံစားချက်ကို Gun တစ်ကယ်မကြိုက်။
မသိချင်ယောင်ဆောင်ကာ ဖုန်းကိုသာ ကြည့်နေလိုက်သည်။

Plz don't leave me,babe (Completed) Où les histoires vivent. Découvrez maintenant