Plz don't leave me,Babe
Mew အိပ်ပျော်သွားသည့် Babeအား ချီ၍
ရေချိုးခန်းထဲသို့ဝင်ကာ သန့်စင်ပေးလိုက်သည်။
သူကိုယ်တိုင်လည်း ရေချိုး၍ သန့်စင်လိုက်ပြီး
ညအိပ်ဝတ်စုံအား ဘောင်းဘီသာဝတ်ပြီး
အင်္ကျိကိုတော့ Babeအား ဝတ်ပေးလိုက်သည်။အိပ်ရာထက်တွင် ငြိမ်ငြိမ်လေး အိပ်ပျော်နေသော
Babeအား ကြည့်ပြီး အနမ်းကြမ်းများကြောင့်ပေါက်ပြဲသွားသည့် နှုတ်ခမ်းလေး
ကို ခပ်ဖွဖွလေးကိုရင်း စိတ်ထဲဝင်လာသည့် Babe၏
"ခင်ဗျားကိုမုန်းတယ်"ဆိုသည့် စကားကြောင့်
ခပ်ဖွဖွလေးမှ ဖိလိုက်မိသည်။နာကျင်သွား၍ မျက်နှာလေးရှုံ့ကာ မျက်ရည်စကလေးများ
က မျက်တောင်ဖျားတွင် စိုစွတ်လာသည်။ ထိုမျက်ရည်လေး
များအား Mewလျှာဖြင့် သပ်လိုက်၍"မငိုနဲ့...Babeရဲ့ခေါင်းစခြေဆုးံ ကိုယ်ပိုင်တာ...ကိုယ်တစ်ယောက်တည်းအတွက်...ကိုယ်ခွင့်ပြုချက်မရှိဘဲ Babe အသက်တောင်မရူရဘူး....တွေ့လား
Babe ကိုယ်က အရူးကြီးလိုပဲ...ဟား..ဟား..ဟား..."ခြောက်ကပ်စွာရယ်သံအဆုးံ Babeအား ရင်ခွင်ထဲထည့်ကာ
တုန်ရီနေသည့် ကိုယ်လေးကို ပွေ့ဖက်ထားလိုက်တော့သည်။"ဖေဖေ...ဟမ်း...မေမေ...မ..မလုပ်ပါနဲ့...အား...တောင်း.တောင်ပန်ပါတယ်..."
မသဲမကွဲယောင်ယမ်းလာတဲ့ စကာများက Mew၏ နှလုးံသား
အား အစိတ်စိတ်ကွဲသွားသလိုပင်။အသက်ရှင်ဖို့ လမ်းဆက်မရှိတော့သလိုမျိုး....
"ကိုကို..ကိုမုန်းလိုက်တာ..."
ထိုငြီးသံလေးက Mewအား သေပါတော့ဟု အမိန့်ပေးစရာ
မလိုအောင်လုပ်နိုင်သည့် စကားဖြစ်သည်။"ကိုယ်တောင်ပန်းပါတယ်...Babeရယ်"
............
မနက်ခင်းမိုးလင်းတော့ ရေဆာမှုကြောင့် အာခေါင်များခြောက်ကပ်နေသည်။
အာခေါင်များ ခြောက်ကပ်နေသည့်ကြားမှ ရေအား
တောင်းလိုက်တော့ အအိပ်ဆတ်သည့် ကိုကိုနိုးလာပြီး
ရေခွက်ယူကာ ရေတိုက်သည်။မနေ့ကအကြောင်းအရာများ Gulf၏ ခေါင်းထဲအစီအရီပေါ်လာသောအခါ Gulf ကိုကိုအား တွန်းလိုက်သည်။
![](https://img.wattpad.com/cover/250132602-288-k968961.jpg)
YOU ARE READING
Plz don't leave me,babe (Completed)
Fantasyငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက်သတ်ချစ်မိတဲ့ စီနီယာအကိုကြီးရဲ့ အမှောင်ဘက်ခြမ်းက ပုံရိပ်နဲ့ အဖြစ်မှန် တစ်ခု..... ငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက...