Plz don't leave me, Babe
"ဟေ့...ကိုကို..ဒီမှာ ဘာလုပ်နေတာလဲ..."
၁၁နှစ်အရွယ်ကောင်လေးက လူပျိုပေါက်အရွယ်ရှိသည့် ၁၅နှစ်ကောင်လေးကို မေးလိုက်သည်။
"ကိုကို...နာနေတာလား.."
၁၅နှစ်အရွယ်ကောင်လေး၏ မျက်နှာတွင် ထိုးကြတ်ထားသည့် ဒဏ်ရာများနှင့် ပြည့်နေတာကြောင့် ကလေးလေးက ဂရုဏာသက်ကာ မေးလိုက်သည်။ သို့သော်လည်း ခက်ထန်တဲ့ ကောင်လေးက ထိုကလေးလေးကို အဝေးသို့ သွားရန် တွန်းပို့လိုက်သည်။
တွန်းလိုက်သည့် အရှိန်က မများသော်လည်း သေးကွေးသည့်ကလေးလေးက ဖင်ထိုင်ရက်ကျကာ ငိုချပါလေရော။
ကလေးလေး၏ ရုတ်တရက် ငိုချလိုက်မှုကြောင့် ကစားကွင်းရှိ မိဘများက သူကို ကွက်ကြည့် ကွည်ကြည့် ကြည့်လာသည်။
"ဟေ့..ကလေး..ငါ့ မင်းကို ဖြေးဖြေးလေး တွန်းလိုက်တာလေ..ဘာကိစ္စ ငိုနေတာလဲ"
ကောင်လေးက စိတ်ကို အတတ်နိုင်ဆုးံ ထိန်းချုပ်၍ မေးလိုက်သည်။ လက်ထဲက ဆေးလိပ်ကိုလဲ မြေပြင်ပေါ်သို့ ပစ်ချကာ ကလေးအား ခြိမ်းခြောက်လိုက်သည်။
"ကိုကို..သားနဲ ဆော့ပါလား.."
"ငါ့က ဘာကိစ္စဆော့ရမှာလဲ...မင်းဘာမင်း မင်းသူငယ်ချင်းနဲ့ဆော့.."
"အဟင့်..ဟင့်..အီး..ဟီး..သားမှာ သူငယ်ချင်းမှ မရှိတာကို..."
ငိုနေတဲ့ ကလေးလေးကို ကြည့်ကာ သနားစိတ်ဝင်မိပြန်သည်။ မိမိလည်း တစ်ခါမှ သူငယ်ချင်းဆိုတဲ့ အရာကို မခံစားဖူးတာကြောင့် ထိုကလေးကိုလဲ ပြန်မနှစ်သိမ့်ပေးတတ်။
"တိတ်..တိတ်..ငါ့ မင်းနဲ့ ဆော့ပေးမယ်.."
လိုချင်တာ ရသွားသည့် ကလေးငယ်လေးက ဖင်ထိုင်ရက်ကလေးမှ ထကာ ကောင်လေး၏ မျက်နှာပေါ်ရှိ ဒဏ်ရာကို လက်သေးသေးလေးဖြင့် ဖွဖွလေးကိုင်ကာ
နှုတ်ခမ်းသေးသေးလေးမှ လေများကို ထုတ်ကာ မှုတ်ပေးသည်။"ဖူး...ဖူး...ဖူး.."
အချိန် အခိုက်အတန့်လေး တစ်ခါမှ ကလေးလေးက ကောင်လေး၏ ရင်ဘက်ထဲသို့ ဝင်လာတော့သည်။
အတိုင်းအဆမရှိ တိုးဝင်ရင်းပေါ့။
YOU ARE READING
Plz don't leave me,babe (Completed)
Fantasyငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက်သတ်ချစ်မိတဲ့ စီနီယာအကိုကြီးရဲ့ အမှောင်ဘက်ခြမ်းက ပုံရိပ်နဲ့ အဖြစ်မှန် တစ်ခု..... ငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက...