အပိုင်း (၅၆)

508 53 10
                                    

Pls don't leave me Bebe

" Deno မင်းလိုချင်တာဘာလဲ! "

Mew အားတင်းထားကာမေးလိုက်သည်။ မပြည့်စုံသေးသော ဆေးကို စမ်းသပ်ခံခဲ့ရစဥ်တုန်းက Mew ဟာ တခြားသူတစ်ယောက်လိုပင် ပြောင်းလဲသွားခဲ့ပြီး ဖခင် jack ကိုပင် ပြန်သတ်ရန် သတိလက်လွတ်ခဲ့ဖူးသည်။

ယခုအခါတွင်တော့ ဆေးသည် လုံးဝအောင်မြင်ပြီးသည်မို့ သတိပင်မကပ်နိုင်ပဲ တန်ဖိုးထားသမျှကို ကိုယ်ကိုတိုင် ပျက်စီးမိမှာ စိုးရိမ်နေခဲ့သည်။

"ငါအလိုချင်ဆုံးအရာက မင်း​သေတာကို ပျော်ပျော်ကြီး ထိုင်ကြည့်နေဖို့ပဲ "

Deno ဟာ ယုံကြည်ချက်များပြည့်နေသော မျက်နှာထားနှင့် Mew အားပြောလိုက်သည်။

"ဒါပေမယ့် မင်းနဲ့ငါက သွေးတော်စပ်တဲ့ညီအကိုတွေ ဆိုတော့ ငါမင်းကို အဆုံးစွန်ထိ ရက်စက်မှာတော့မဟုတ်ပါဘူး "

Deno ဟာ Mew အား ထောက်ထားညှာတာနေသည့်ပုံစံဖြင့် ပြောလိုက်သည်။

"ဟက်...သွေးတော်စပ်တဲ့ ညီအစ်ကို! "

Mew လှောင်ရယ်လိုက်တော့Deno မျက်နှာပျက်သွားပေမယ့် ချက်ချင်းပင်ပြန်လည်တည်တံသွား၏။

"မင်းကိုမင်း မြင့်မြတ်တဲ့သွေးတစ်ဝက်ပါတဲ့လူလို့ထင်နေလား "

"ဘာ အဓိပ္ပါယ်လဲ "

"မင်းအမေက ယောကျ်ားတကာနဲ့ အိပ်ရတဲ့မိန်းမ။ မင်းအမေပြောသလို မင်းက ငါ့အဖေနဲ့ ရတဲ့ကလေးလို့ မင်းထင်နေတာလား "

"မင်းလျှောက်မပြောနဲ့!!!"

Deno ရုတ်တရက် သတိလွတ်ကာ အော်လိုက်တာကြောင့် Mew တွန်းအားပေးသည်မှာ ထိရောက်သည်ဟု ယူဆလိုက်သည်။ ဒီအကြောင်းတွေကို တစ်သက်လုံးဖုန်းကွယ်ထားချင်ပေမယ့် Deno မင်းက ငါချစ်ရသူကိုအရင်လာထိတဲ့ကောင် အဲတော့ မင်းသေမယ်ဆိုရင်တော့ ငါခွင့်လွှတ်မှာမဟုတ်ဘူး

" ဘာကြောင့် မင်းကို ငါ့အဖေက သူ့နမည်ခံနဲ့ အိမ်တော်မှာ သခင်လေးတစ်ယောက်လို နေခိုင်းခဲ့တာလဲ..... အကြောင်းရင်းကတော့ မင်းအမေက ငါ့ကို သူ့အသက်ကို စွန့်ပြီးကယ်တင်ခဲ့ဖူးလို့ ငါ့အဖေကလည်း ကျေးဇူးဆပ်တဲ့အနေနဲ့ လက်ခံခဲ့တာ "

Plz don't leave me,babe (Completed) Where stories live. Discover now