အပိုင်း (၂၉)

669 71 10
                                    

Plz don't leave me, Babe

မနက်ခင်းအလင်းရောင်ခြည်လေးသည် လသာဆောင်မှတစ်ဆင့် အခန်းထဲသို့ တိုးဝင်လာသည့်
အခါ နွေးထွေးမှုကြောင့် Gulf နိုးထလာခဲ့သည်။

သူ၏ခါးတွင်လည်း တင်းကြပ်စွာ ပွေ့ဖက်ထားသည့် အကြောစိမ်းများဖြင့် ခန့်ညာလှသည့် လက်တစ်စုံ။
ထိုလက်အား ဖယ်၍ ရေချိုးခန်းထဲရှိ ရေအေးတွင် စိမ်လိုက်ရင်း ခန္ဓာကိုယ်၏ နာကျင်မှုများအား လျော့ပါးသွားစေသည်။

Gulf ရေချိုးပြီး ပြန်ထွက်လာတော့ ကုတင်ထက်တွင်
ထိုင်ကာ ဆံပင်များ ရှုပ်ပွရင်း ကလေးတစ်လောက်လို
မျင်လုးံအား လက်ဖြင့်ပွတ်သည့် ကိုကို။

"နိုးနေပြီလား Babe"

Gulf ခေါင်းငြိမ့်ပြလာသည်။ Mew ကုတင်ပေါ်မှ ထလာကာ အဝတ်ရွေးနေသည့်   Babe ၏ ကိုယ်လေးအား နောက်မှ သိုင်းဖက်ရင်း

"မောနီး...Babe..."

"ရေချိုးတော့..."

"အမိန့်တော်အတိုင်းပါဗျာ..."

ရေချိုးခန်းထဲ ဝင်လာသည့် Mewသည် ပြောင်းလဲသွားသော Babe၏ အမူအကျင့်များအား အမှန်တကယ် ကျင့်သားမရသေးပေ။ Mewသိသည်။ ဒါတွေဟာ Babe၏ ငယ်ဘဝနှင့်လည်း ဆိုင်ပြီး အချိန်လဲ ယူရအုးံမည်ဆိုတာ။

အေးစက်စက် ဆက်ဆံနေပေမဲ့ Babe၏ မျက်ဝန်းထဲတွင်တော့ နွေးထွေးမှု အရိပ်များကို ခံစားမိပါသည်။

..............

Mew အောက်ထပ်ဆင်းလာတော့ စားပွဲတွင် ထိုင်ကာ မနက်စာ စားနေသော Babe။ Babeပုံသည် တည်ငြိမ်ကာ ရင့်ကျက်ပြီး လူကြီးဆန်လာသည်။

Mewလည်း ဝင်ထိုင်ရင်း မနက်စာ စားတော့သည်။

"ဒီနေ့ ကျနော် Ai'Noတို့ အိမ်အလည်သွားအုးံမယ်"

Babe၏ စကားအရ ခွင့်ပြုချက်တောင်းတာ မဟုတ်ဘဲ
အသိပေးသည်ကို Mewသိလိုက်သည်။ အေးစက်စက်ဖြစ်နေသည့် အခြေအနေမျိုးကို ထပ်ပြီး မအေးစက်ချင်တာကြောင့် Mew လက်ခံလိုက်သည်။

"အွန်း...သွားလေ...လူတော့ခေါ်သွား..တစ်ယောက်တည်းမသွားရဘူး"

"ကျနော်သိပြီ..."

"ဒါနဲ့...Babe"

Gulfသည် Mewအား ကြည့်လာသည်။

"ကိုယ်တို့ မင်္ဂလာပွဲကို ဘယ်ချိန်လောက်လုပ်မလဲ"

Plz don't leave me,babe (Completed) Where stories live. Discover now