Plz don't leave me Babe
"ပါး "
Lucas လေး၏ မပီမပြင်ခေါ်သံလေးကြားမှ
Gulf အတွေးများကိုရုတ်သိမ်းလိုက်သည်။
ကောင်းကင်ပြာကြီးကို ပြတင်းပေါက်ရဲ့ ဘောင်ကျဥ်းကျဥ်းလေးကနေ ကြည့်နေရတာ မလုံလောက်ပေ။ Gulf ဒီထက်ပိုပြီး ကြည့်ချင်သည်။နီးကပ်ချင်သည်။ ကောင်းကင်ပြာကြီးကတော့ သူနှင့်အလှမ်းဝေလေပြီ။ကုတင်ပေါ်က ကြိုးစားပမ်းစားတက်နေသော
Lucas လေးကိုကြည့်ပြီး အပြုံးမမည်သော အပြုံးလေးပြုံးလိုက်မိသည်။ ဒီရက်ပိုင်းတွင်
Gulf အခန်းထဲကပင်မထွက်။ အရာရာတိုင်းက
သူနှင့်မသက်ဆိုင်သလိုခံစားနေရသည်။ ကိုကိုဆီက လမ်းခွဲစကားကို ကြားပြီး Gulf ရဲ့ ကမ္ဘာကြီးက လုံးဝအမှောင်ကျသွားခဲ့သည်။ သူထွက်သွားတုန်းကရော ကိုကိုဘယ်လိုခံစားရလဲ။သူခွင့်မလွှတ်နိုင်ဘူးလို့ကိုကို ကိုငြင်းဆိုခဲ့တုန်းကရော ကိုကိုဘယ်လိုခံစားရမလဲ။ ကိုကို ကိုမုန်းတယ်လို့
အော်ဟစ်နေတုန်းက ကိုကိုခံစားချက်တွေ တစ်ခါလေးတောင်ထည့်မစဥ်းစားမိဘဲ ကိုယ့်အတွက်ဘဲ အတ္တကြီးနေခဲ့မိတယ်။သူက ကိုကိုအနားမှာနေဖို့ထိုက်တန်ရဲ့လား။
ကုတင်ပေါ်သို့ ကြိုးစားပြီးရောက်လာသည့် Lucas လေးက Gulf အပေါ်သို့ ကုပ်တွယ်တက်ရင်း Gulf လည်ပင်းနား မျက်နှာဖောင်းဖောင်းလေးကို ကပ်ကာ ဝူးဝူးဝါးဝါးနှင့် မပီမပြင် စကားများဖောင်ဖွဲ့နေသည်။
Lucas လေးသာ စကားပြောတတ်ရင် "ပါးပါး သားကို ပစ်ထားတယ် "ဆိုပြီး အပြစ်တင်နေမယ်လို့ Gulf ထင်သည်။ Gulf Lucas လေးရဲ့ ကျောကုန်းကို ပုတ်ပေးရင်း နားမလည်သော စကားများကို နားထောင်ပေးနေမိသည်။
Lucas လေးက လူခင်တတ်ပေမယ့် တော်ရုံတန်ရုံလူဆိုအနားအကပ်မခံပေ။"ဒီတစ်လော ကောင်းကောင်းနေရဲ့လား "
Gulf အမေးကို ခေါင်းလေး အားရပါးရငြိမ့်ရင်း ပြန်ဖြေလာသည်။
"ပါးပါး ပစ်ထားမိလို့တောင်းပန်ပါတယ်နော် "
Gulf ရဲ့ တောင်းပန်စကားကြောင့် ငယ်သေးပေမယ့် သိတတ်နားလည်တဲ့ Lucas လေး ဝမ်းနည်းစွာ ငိုတော့သည်။ Gulf Lucas လေးကို ချီပြီး ကုတင်ပေါ်က ဆင်းကာ လမ်းလျှောက်ရင်း ချော့နေသည်။
![](https://img.wattpad.com/cover/250132602-288-k968961.jpg)
BẠN ĐANG ĐỌC
Plz don't leave me,babe (Completed)
Viễn tưởngငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက်သတ်ချစ်မိတဲ့ စီနီယာအကိုကြီးရဲ့ အမှောင်ဘက်ခြမ်းက ပုံရိပ်နဲ့ အဖြစ်မှန် တစ်ခု..... ငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက...