အပိုင်း(၂)✔

1.4K 102 2
                                    

Plz don't leave me, Babe

Gulf တစ်ယောက် အခန်းထဲကို ရောက်သည်နှင့်
မိမိ၏ ဘေးခုံတွင် မှောက်ကာ အိပ်နေသော No
ဆိုသည့် သူငယ်ချင်းအား ခေါင်းကို ဖြတ်ကာ ရိုက်လိုက်သည်..။

"အား...!ဘယ်ကောင် ရိုက်တာ...."

No တစ်ယောက် စကားပင် မဆုးံ မိမိအချစ်ဆုးံ သူငယ့်ချင်း
Gulf ဖြစ်သည်အတွက် သူ၏ ဆဲဆိုမည့် အသံများကို
ရပ်လိုက်သည်..။

"အိပ်ပဲအိပ်နေ...အဲကြောင့် မင်း အမှတ်တွေ တက်မလာတာ...ထပ်ရမဲ့ essay တွေရော ရေးပြီးပြီလား..."

Gulf ဆိုသည့် လူသားသည် မိမိအပေါ်သာ နိုင်ချင်နိုင်မည်..။သို့သော် မိမိကို မိဘများပြီးလျှင် သူသာ
ဂရုအစိုက်ဆုးံ လူသား ဖြစ်သည်..။

"မပြီးသေးဘူး...မင်းဆီက ကူးမလို့...ဟီး..ဟီး.."

"မကူးရဘူး..."

"ဟာ...Gulf. .."

No၏ မျက်နှာသည် ဇီးရွက်လောက်ကလေးဖြစ်ကာ ငိုမဲ့မဲ့
မျက်နှာဖြစ်နေသည်..။

"မရဘူး..No ငါ့ပြောပြီးသား မင်းအမြဲ ငါ့အပေါ် မှီခိုနေတာ..မင်း အမေနဲ တိုင်ပြောတော့မယ်..."

"မတိုင်... မတိုင်ပါနဲ့...ငါ့စာလုပ်ပါ့မယ်...အော်..ဒါနဲ့..
အမေက အိမ်မှာ ထမင်းလာစားအုးံတဲ့..."

No တစ်ယောက် ပြောရင်းနဲ့ စာအုပ်ထုတ်ကာ မပြီးသေးသော essay များကို လုပ်နေသည်..။

Noထို့သို့ ပြောလိုက်တိုင်း Gulf ဝမ်းနည်းသွားတတ်သည်..။

မိဘမရှိတော့သည့်သူကို No၏ အဖေနှင့် အမေက
တတ်နိုင်သလောက် စောင့်ရှောက်ပေးကြသည်..။

ဆရာမ ဝင်လာဖြင့် Gulf တို့ အတန်းချိန် စလိုက်သည်..။

................

"အာ....! Mew လာပြီလား..."

ခုံတွင် ထိုင်ကာ စာလုပ်နေသော Mayဆိုသည့် ကောင်မလေးက မေးလိုက်သည်..။

May သည် Mew ဘယ်လိုလူမျိုးလဲဆိုတာ သိသော
ထိုကျောင်း၏ တစ်ဦးတည်းသော သူ ဖြစ်သည်..။

Mewအား တစ်ဖက်သတ် နှစ်သက်နေသည်သူလည်း
ဖြစ်သည်..။

May၏ ပုံစံကြောင့် ကျောင်းက တစ်ချို့ဟာ သူနှင့်
Mewကိုပင် ချစ်သူတွေဟု သတ်မှတ်ထားကြသည်..။

Plz don't leave me,babe (Completed) Where stories live. Discover now