🎄🎄မယ်ရီခရစ်စမတ် 🎆🎆

393 52 2
                                    

Pls don't leave me, Babe

အပိုင်းပို

နှစ်တစ်နှစ်၏အအေးဆုံးလလေးဒီဇင်ဘာလကိုရောက်ရှိခဲ့ပြီး။မနက်ခင်းနေရောင်ခြည်ကတောင်စောင်ပုံထဲကထွက်အောင်မလုပ်နိုင်တဲ့လူသားတစ်ယောက်ရှိတယ်။ ဒါပေါ့ မနက်ခင်းအအေးဒဏ်ကိုကာပေးထားတာနေရောင်ခြည်ကြောင့်မှမဟုတ်။နွေးထွေးလှတဲ့လူသားတံတိုင်းကြီးကြောင့်အပျင်းတစ်နေသောလူသားလေးကထိုက်ပင်။

နိုးနေသော်လည်းမျက်လုံးလေးဖွင့်ကာမနက်ခင်းအနမ်းပေးရင်းပြန်မှိတ်သွားသောမျက်ခွံများကို
Mewကြည်နူးစွာနမ်းလိုက်သည်။ထိုက်ဆိုသည့်ဒီလူစားလေးက Mew၏မြတ်နိုးရာ Babe Gulf ။

"ထတော့လေ.....အပျင်းတစ်လေး "

"ချမ်းတယ်...ဖက်ထားပေး "

"ဟုတ်ပါပြီဗျာ "

ထပ်တိုးထပ်တိုးကာပွေ့ဖက်ထားကြရင်းပွင့်လာသည့်အခန်းတံခါးကိုနှစ်ယောက်လုံးသတိမထားမိလိုက်ကြ။တင်းကြပ်နေအောင်ဖက်ထားကြသည့်ကိုယ်နှစ်ခုကြားတစ်စုံတစ်ခုတိုးဝင်လာတာကြောင့်နှစ်ယောက်လုံးစောင်ကိုဖယ်ကြည့်လိုက်တော့ရှုပ်ပွနေသည့်ဆံပင်လေးများအိပ်မှုန်စုံဖွားမျက်လုံးလေးများအချိုစားလွန်းလို့သွားပိုးစားနေတဲ့သွားကျိုးလေးကစပ်ဖြဲဖြဲရယ်ပြလာသည်။

"မယ်ရီခရစ်စမတ်ပါ....ဒယ်ဒီနဲ့ပါးပါး "

နှစ်ယောက်လုံး၏ပါးကိုအားဘွားလိုက်ပေးရင်းအမှတ်များတိုးအောင်လုပ်နေသည့် Lucas လေး။ Mew Lucas လေးကို ချီလိုက်ပြီး နှစ်ယောက်၏အလယ်ကြားတွင်ထည့်လိုက်ကာ
စောင်ကိုပြန်ခြုံလိုက်သည်။

"ကယ်...ပြောပါအုံး...ဆန်တာဘိုးဘိုးကြီးဆီမှာ ဘာဆုတောင်းပြီးပြီလဲ "

Gulf Lucas ၏ နှာခေါင်းသေးသေးလေးကို အသာလေးဆွဲပြီးမေးလိုက်သည်။

"လျှိုဝှက်ချက်ပါနော်....မပြောပြဘူး "

နှုတ်ခမ်းလေးဆူကာ စိတ်ဆိုးဟန်ပြနေသော Babe ကိုအသဲယားလာပြီး Lucas ၏ မျက်လုံးကို လက်တစ်ဖက်ဖြင့်အုပ်ပြီး Babe ကို ခိုးနမ်းလိုက်တော့ ပြူးကြောင်ကြောင်နှင့် ကလေးရှိတယ်လေ...ဆိုပြီလေသံနှင့်ပြောလာသည်။

Plz don't leave me,babe (Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ