အပိုင်း (၂၁)

735 69 6
                                    

Plz don't leave me,Babe

"Babe နိုးနေပြီလား..."

ကုတင်ထက်တွင် မျက်လုးံများကို ဖွင့်လျက်မျက်နှာကျက်ကိုသာ
စိုက်ကြည့်နေသည့် Babe။

"လာ...Babe နိုးနေပြီဆို ကိုကို မျက်နှာ သစ်ပေးမယ်နော်"

တုန့်ပြန်မှု မရှိသည့် Babe အား Mew ညင်သာစွာ ပွေ့ချီလျက် ရေချိုးခန်းထဲသို့ ခေါ်ဆောင်သွားသည်။

မနက်ခင်းကိစ္စများ အဝဝကို လုပ်ပေးနေသော်လည်း အရင်လို
အရှက်သည်းတဲ့ကောင်လေးက အခုတော့ အသက်မဲ့သော
မျက်ဝန်းများဖြင့်။

"မနက်စာ သွားစားရအောင်...ပြီးရင် Babe ဆေးသောက်ရအုးံမယ်"

အောက်ထပ်သို့ ကိုယ်တိုင် ပွေ့ချီလာကာ လှေကားအောက်ဆုးံထပ်တွင် အသင့်ပြင်ထားသော ဝှီးချဲလ်ပေါ်သို့ နေရာချပေးရင်း ကိုယ်တိုင် တွန်းကာ မီးဖိုချောင်ထဲသို့ ဝင်လာခဲ့သည်။

"Babe ဒီမှာ Babe ကြိုက်တဲ့ ကြက်သားစွပ်ပြုတ်...
ကိုကို ကိုယ်တိုင် မနက်အစောကြီး ချက်ထားတာ..
အရင်က Babe ချက်တာပဲ ကိုယ်စားနေတာ..အခု
Babe ကို ပြန်ချက်ကျွေးပြီးနော်"

ကြက်သားစွတ်ပြုတ်အား တစ်ဇွန်းချင်းဆီ တိုက်ကျွေးနေလေသည်။

ဘယ်သူပြောနိုင်မှာလဲ...ခံစားချက် မရှိတဲ့ Babe ကို မြန်ရတာ...ကိုယ်ကို ပြန်သတ်နေသလိုမျိုး။

"Babe အမြန်ဆုးံ သတိရလာပါတော့ကွာ..."

Mew မျက်ဝန်းရှိ မျက်ရည်များအား အပြင်သို့ ထွက်ခွင့်မပေးဘဲ သိမ်းဆည်းလိုက်သည်။
သူကိုယ်တိုင်ပင် အားနည်းနေ၍ မဖြစ်။

"Babe ကိုယ်တို့ ခြံထဲဆင်းပြီး Babe စိုက်ထားတဲ့
အပင်လေးတွေ သွားကြည့်ရအောင်...နော်"

အနူးညံဆုးံသော အပြုးံလေးနဲ့ Babeအား ပြောလိုက်သော်လည်း....

ခြံဝန်းထဲသို့ ရောက်သောအခါ ဝှီးချဲလ်ပေါ်တွင် ထိုင်နေသော
Babeကို ဒန်းပေါ်သို့ လွဲပြောင်းပေးလိုက်သည်။

ရင်ခွင်ထဲ ထည့်ရင်း Babeရဲ့ လက်ကလေးကို ဆုပ်ကိုင်ထားလိုက်သည်။

"Babe...အိပ်ချင်နေလား"

Babeရဲ့ ခေါင်းလေးကို Mew သူ၏ ပခုးံပေါ်သို့ မှီစေလိုက်ပြီး ဒန်းလေးအား ညင်သာစွာ လွဲနေသည်။
လေလေး အေးအေးလေးနဲ့ ပန်းရနံများကလည်း
နှာခေါင်းနား တိုးဝှေ့နေသည်။

Plz don't leave me,babe (Completed) Where stories live. Discover now