အပိုင်း (၅၅)

521 49 8
                                    

Pls don't leave me,Babe

"ရောက်လာပြီလား "

Pai တံခါးကိုဖွင့်ရင်း ခင်ပွန်းသည်အလုပ်မှပြန်လာသည့်အခါ ကြိုဆိုသည့်ဇနီးတစ်ယောက်၏ပုံစံဖြင့် မေးလိုက်သည်။ အသက်မပါသော မျက်ဝန်းတို့ဖြင့် Beom သည် Pai အားကြည့်လိုက်သည်။

"လာလေ ဝင်ခဲ့ "

ဖော်ရွှေစွာဖြင့် အိမ်ထဲသို့ဝင်လာရန်ဖိတ်ခေါ်နေသော်လည်း သံသယမျက်လုံးများဖြင့်သာ ကြည့်ခြင်းခံလိုက်ရသည်။ Pai Beom လက်ကိုဆွဲ၍
အိမ်ထဲသို့ ခေါ်လိုက်သည်။

မှောင်လွန်းနေသည့်အခန်းထဲတွင် အနီရောင်မီးပျပျလေးသာ လင်းနေသည်။ Pai ထိုင်ခုံကိုဆွဲထုတ်ရင်း Beom အား ထိုင်စေသည်။

"ငါလာတာမင်းနဲ့ ကစားဖို့မဟုတ်ဘူး "

ထိုစကားကြောင့် ချစ်စရာကောင်းသည့်ကောင်လေး၏ အပြုံးများရပ်တန့်သွားသော်လည်း ချက်ချင်းပင်အမှုအရာအပျက် ပြန်လည်ပြုံးထားလိုက်၏။

"ခဏနော်....အကုန်ကျက်တော့မှာ "

ထိုသို့ပြောပြီး မီးဖိုချောင်ထဲသို့ ပြေးဝင်သွားသည့်ကောင်လေး။

"လာ...ကျွန်တော်တို့အရင်စားကြရအောင် "

"သခင်လေးရှိတဲ့နေရာအရင်ပြော "

"ကျွန်တော်ကအရူးမှမဟုတ်တာ ကျွန်တော်ပြောလိုက်ရင် အကိုထွက်သွားမှာပေါ့ ပြီးတော့ အဲနေရာကို အကိုသွားရင်တောင် သူ့ကို (Gulf) တွေ့ရမှာမဟုတ်ဘူး "

Pai သည် မတ်တပ်ရပ်နေဆဲဖြစ်သည့် Beom အား ထိုင်ခုံတွင်ထိုင်စေလျက် စွပ်ပြုတ်အား ပန်ကန်ထဲသို့ ထည့်ပေးလိုက်သည်။

"ဘယ်လိုနေလဲ ငယ်ငယ်ကအကိုချက်ကျွေးသလိုမျိုး အရသာတော့ သိပ်မရှိဘူး "

Pai စကားကြောင့် Beom ၏မှတ်ဥာဏ်ထဲ ထိုဖြစ်ရပ်လေးများ တစ်စွန်းတစ်စပေါ်လာခဲ့သည်။
ဇွန်းကိုကိုင်လျက် သောက်လိုက်သည်။

"ကောင်းလား ဘယ်လိုနေလဲ "

Beom သောက်လိုက်သည်ကို မြင်တော့ Pai သည်ပျော်ရွှင်စွာဖြင့်မေးလိုက်သည်။

"အရသာရှိတယ် "

အေးစက်စက်ပြန်ဖြေစကားတစ်ခွန်းဖြစ်ပေမယ့် Pai ကျေနပ်နေမိသည်။

Plz don't leave me,babe (Completed) Donde viven las historias. Descúbrelo ahora