Plz don't leave me, Babe
စံအိမ်ကြီး၏ ဘေးမြေကွက်လပ်တွင် သုးံလအပြီးဖြင့် ဆောက်လုပ်နေသည့် စံအိမ်ကြီးထက်မကြီးသောလည်း
ခိုင်မာထောင့်တင်းသည့် လှောင်အိမ်ကြီး။လှောင်အိမ်ကြီး၏ ပြတင်းပေါက်များကလည်း သံတိုင်များဖြင့်
ကာရန်ထားသည်။ စိတ်အေးချမ်းစေသည့်အပြာရောင်လွင်လွင်လေး သုတ်ထားသည့်နှင့် မသက်ဆိုင်သလို အထီးကျန်နေတဲ့အိမ်ကြီးက တစ်စုံတစ်ယောက်အတွက်..။"သခင်ကြီး..."
"အခြေအနေ"
"ဟို..သခင်လေးနမည်နဲ့ နိုင်ငံခြားကိုခရီးသွားခဲ့တဲ့ မှတ်တမ်းမရှိပါဘူး ပြီးတော့ သခင်လေး ထွက်သွားတဲ့နေ့က
လေယာဉ်ကွင်းတွေရဲ အချိန်ဇယားနဲ့ ဧည့်သည်စာရင်းတွေမှာ သခင်လေးနဲ့ တူတဲ့သူပါမလာပါဘူး"Mew တစ်ယောက် ဆောက်လုပ်ပြီးစီးမြဲဖြစ်သည့် အိမ်ကြီးကို ကြည့်နေသည်။
"Boom....Babeက အဖြူရောင်ပိုကြိုက်တယ်...Babe အခန်းထဲကို အဖြူရောင် ပြန်ပြင်သုတ်လိုက်..."
"...."
"ပြီးတော့ Babeရဲ့အပင်လေးတွေကို အဲဘက်အိမ်ရဲ့ ဥယျာဉ်ထဲ ရွေ့ထားအုးံ...အပင်တွေ ဘာမှမဖြစ်စေနဲ့နော်..."
"ဟုတ်ကဲ့ပါသခင်ကြီး"
"အော်..ပြီးတော့ တစ်ပတ်အတွင်း ငါ့ Babeကို ရှာတွေ့ချင်တယ်..သုးံသင့်သလောက်သုးံ"
"ဟုတ်ကဲ့ပါ..သခင်ကြီး"
Boom ထွက်သွားပြီး မကြာခင် May တစ်ယောက် Mew၏
အနားသို့ ရောက်လာတော့သည်။"Mew.... ထမင်းမစားသေးဘူးလား"
Mew ဘေးအိမ်ကိုသာ ကြည့်ပြီး May၏ စကားအား
အာရုံမစိုက်ပါ။"Mew နင် ... ငါ့ကို မငဲရင်တောင် ငါ့ဗိုက်ထဲက နင့်ကလေးကိုတော့ ငဲ့သင့်တယ်"
"ကလေး...May နင်သိထားရမှာက နင်ဗိုက်ထဲက ကလေးဆိုတာ ငါ့ဘယ်တုန်းကမှ မလိုချင်ခဲ့ဘူး"
"နင်...!"
May၏ ဗိုက်သည် 8လထဲရောက်နေပြီမို့ မွေးဖွားချိန် ရောက်တော့မည်။ သို့သော်လည်း သူမဟာ Mew၏ လျစ်လျူခြင်းကို ခံရမြဲပင်။
YOU ARE READING
Plz don't leave me,babe (Completed)
Fantasyငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက်သတ်ချစ်မိတဲ့ စီနီယာအကိုကြီးရဲ့ အမှောင်ဘက်ခြမ်းက ပုံရိပ်နဲ့ အဖြစ်မှန် တစ်ခု..... ငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက...