Pls don't leave me,Babe
"ပါး "
Lucas လေးသည် Gulf ကိုတွေ့သည်နှင့် အရုပ်များကိုပစ်ချကာ လုံးတုံးလုံးတုံးနှင့်ပြေးလာသည်။ခြေမခိုင်သေးသည့်အရွယ်မို့ လမ်းတစ်ဝက်တွင် လှဲကျသွားသေးသော်လည်း လက်တုတ်တုတ်လေးနှစ်ဖက်ကို အားပြုကာ ချက်ချင်းထရပ်ကာ ပြေးလာတော့သည်။ Gulf ပေါ်သို့ ရောက်သည်နှင့် ဝမ်းနည်းကြီးစွာ ငိုတော့သည်။ မတွေ့တာတစ်ပတ်တောင်ရှိနေပြီမို့ Lucas လေးလွမ်းနေသည်မှာ အရမ်းပင်။
Gulf သည် Lucas ၏ ကျောကိုပုတ်ကာ အငိုတိတ်ရန်သာ ချော့ရတော့သည်။ လွတ်လွတ်လပ်လပ်မရှိ၍ Lucas လေးအားလည်း သေချာစွာမချော့နိုင်ပေ။ အခန်းထဲတွင် စောင့်ကြည့်ရေးကင်မရာများအပြင် အနက်ရောင်ဝတ်စုံပြည့်ဖြင့် လူများလည်း ရှိနေသေးသည်။
"ခင်ဗျားတို့.... "
Gulf စကားသံထွက်လာတော့ အနက်ရောင်ဝတ်စုံပြည့်နှင့် လူသည် လှည့်ကြည့်လာသည်။
"ခင်ဗျားတို့ အခန်းထဲကထွက်သွားပေးပါလား "
"စိတ်မရှိပါနဲ့....တာဝန်အရပါ "
Gulf စကားအဆုံး ထိုလူ၏ စက်ရုပ်ဆန်သောအသံထွက်လာသည်။ Gulf သက်ပြင်းသာချလိုက်ပြီး ဘာမှဆက်မပြောတော့ပေ။
Lucas လေးသည်လည်း ပင်းပန်ကာ အိပ်ပျော်သွားတော့သည်။ Gulf သည် Lucas လေး၏ တင်ပါးလေးကို ပုတ်ရင်း လန့်မနိုးစေဖို့သာ ဆောင်ရွက်နေသည်။
"အခန်းထဲ ပြန်ဖို့အချိန်ကျပါပြီ "
Gulf လည်း ခေါင်းငြိမ့်ပြလိုက်ပြီး စောင်ပါးလေးကို Lucas ၏ ဗိုက်ပေါ်ကို တင်ပေးလိုက်ကာ ထွက်လာတော့သည်။
------------------------
Ding.....Ding.....Ding
Beom ဖုန်းသံကြားသော်လည်း နံပါတ်ဖြစ်နေ၍ ပြန်မဖြေ။သို့သော်လည်း ထိုဖုန်းနဖံပါတ်သည် Beom မကိုင်းမချင်းခေါ်နေသဖြင့် နောက်ဆုံးစိတ်မရှည်ဘဲနှင့် ကိုင်လိုက်သည်။
"ဟယ်လို အကို "
" မင်း....ဘယ်လိုလုပ် ငါနံပါတ်ကိုသိနေရတာလဲ "
" ကျွန်တော်ဒါတွေမပြောချင်သေးဘူး။ Gulf ရှိတဲ့နေရာကို ကျွန်တော်သိတယ်။ ဘယ်လိုလဲ စိတ်ဝင်စားလား "
YOU ARE READING
Plz don't leave me,babe (Completed)
Fantasyငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက်သတ်ချစ်မိတဲ့ စီနီယာအကိုကြီးရဲ့ အမှောင်ဘက်ခြမ်းက ပုံရိပ်နဲ့ အဖြစ်မှန် တစ်ခု..... ငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက...