Pls don't leave me,babe
Gulf ဆိုသည့်ကောင်လေးထွက်သွားသည့်အခါ
Mew လည်းမတ်တပ်ရပ်လိုက်ပြီး နောက်မှလိုက်သွားရန်ပြင်လေသည်။"ကိုက်ို "
ဖျော့တော့နေသော အသံကြောင့် Pai လေး စိတ်အားငယ်နေပြီဆိုတာ Mew ခန့်မှန်းနိုင်လိုက်သည်။ ပါးဖောင်းဖောင်းလေးကို အသားမာများပြည့်နေသော လက်ဖဝါးကြီးဖြင့် ညင်သာစွာ ပွတ်ပေးလိုက်ရင်း
"ကိုယ်က မရှင်းတာလေးတွေရှိလို့ပါ ခဏပဲနော် "
မသက်မသာပုံစံဖြင့်Pai ခေါင်းငြိမ့်ပြလိုက်သည်။
အမှန်ဆိုရင် သူတကယ်မကြိုက်ပါ။သူက ကိုကိုနဲ့ပထမဆုံးလက်ထပ်တဲ့ အမျိုးသားမလား။ ရွာတုန်းက ကိုကိုနဲ့ Pai အခြေအနေတွေက အေးချမ်းပြီးသာယာပေမဲ့ အခုတော့ pai ရင်ထိတ်နေရသည်။"လာပြီလား "
Gulf လက်ထဲက Lucas လေးကို ပြန်သိပ်ရင်း အခန်းထဲရောက်လာတဲ့ Mew ကိုမေးလိုက်သည်။
"အမ်...ကိုယ် မေးစရာရှိလို့ "
"မေးလေ "
မျက်နှာထားတင်းတင်းနှင့်ကောင်လေးက သူအား အာရုံမရ။လက်ထဲက ကလေးကိုသာ အာရုံစိုက်နေသည်။ တစ်မျိုးကြီးပဲ။ အခုချက်ချင်း အဲကလေးနေရာမှာ အစားထိုးချင်စိတ်ကြောင့် ကြည့်နေသော မျက်လုံးများကိုရပ်တန့်လိုက်ကာ အကြည့်လွဲလိုက်သည်။
Gulf Lucas လေးကို ပုခက်လေးထဲ ထည့်ပေးပြီး တင်းပါးကို ဖွဖွလေးပုတ်ပြီး ပြန်သိပ်လိုက်သည်။
ညက အိပ်ရေးဝဝမအိပ်ဘဲ ကစားနေပြီး မနက်အစောကြီးနိုးကာ ဆော့နေတာကြောင့် မနက်စာစားပြီးချိန်မှာတော့ Lucas လေး ဂျီကျတော့သည်။Gulf Mew နှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။ ကိုကို သူ့ကိုမေးမဲ့ မေးခွန်းအတွက် ကြိုတင်ပြင်ဆင်ပြီးသားပါ။ ကိုကိုလို လူတစ်ယောက်က သူရဲ့ ညံဖျင်းတဲ့လှည့်စားမှုကို ယုံကြည့်မည့်သူလား။ ဘယ်လောက်ပဲ အတိတ်ကအကြောင်းတွေကို မေ့မေ့၊ သူနေရာကို တစ်ခြားတစ်ယောက်နဲ့ အစားထိုးထိုး ကိုကိုက အားလုံးရဲ့ အထက်မှာပဲ ရှိတယ်။
"အခု ကိုယ့်ကို အမှန်တိုင်း ပြောလို့ရပြီလား "
"ဘာအကြောင်းက စပြောပြရမလဲ Mr. Mew ပဲ ဖြေကြည့်ပါ "
VOCÊ ESTÁ LENDO
Plz don't leave me,babe (Completed)
Fantasiaငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက်သတ်ချစ်မိတဲ့ စီနီယာအကိုကြီးရဲ့ အမှောင်ဘက်ခြမ်းက ပုံရိပ်နဲ့ အဖြစ်မှန် တစ်ခု..... ငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက...