အပိုင်း (၃၃)

849 81 9
                                    

Plz don't leave me, Babe

"ခွမ်း...!"

"ဒုန်း....ခွမ်း..."

အိမ်တော်အသစ်ရှိအပေါ်ထပ်၏ခမ်းနားလှသော သခင်ကြီးနှင့်သခင်လေး၏ အခန်းထဲတွင် ပြန်ရောက်လာပြီဖြစ်သော သခင်လေးသည် စိတ်လိုလက်ရပစ္စည်းများအား ပစ်ခွဲပေါက်ခွဲကာ ဆန္ဒပြနေသည်။

အခန်းရှေ့တွင် တူညီဝတ်စုံဖြင့် အစေခံအသစ်များဟာလည်း
တွန့်ဆုတ်ကာ မည်သူမျှမတားရဲ။ သခင်ကြီးပြန်လာမှသာ စိတ်အေးရာရလိမ့်မည်။

"တံခါးဖွင့်...!တံခါးဖွင့်လို့ ငါ့ပြောနေတယ်လေ"

Gulf တစ်ယောက် ပြန်လည်နိုးထလာခဲ့တဲ့အချိန်မှာတော့
သူဟာ ခမ်းနားတဲ့အခန်းကြီးထဲရောက်နေပြီး ထိုအခန်းကြီးဟာ အိမ်တစ်အိမ်၏ ပုံစံအတိုင်းပင်။

King size ကုတင်ကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင် စားပွဲတင်ခုံလေးများထားရှိပြီး ထိုစားပွဲတင်ခုံပေါ်တွင်
အလှကြွေပန်းအိုးလေးများ သဲနာရီနှင့် ရေခွက်နှင့်ရေဗူးအားတင်ထားသည်။

သံတိုင်များကာရံထားသည့် ပြတင်းပေါက်ဘေးတွင် စားပွဲကြီးတစ်ခုထားရှိပြီး ထိုင်ခုံနှစ်ခုနှင့်ပရံသင့်သည်။
ရေချိုးခန်နှင့်အိမ်သာ ပါအစ။ ကုတင်အောက်ခြေရှိနံရံတွင် နံရံကပ်TV.... အခုတော့ ထိုTVကြီးဟာ အစစကွဲ၍ ဟိုနေရာတစ်ခုဒီနေရာတစ်ခုနှင့် ။

အခန်းထဲရှိ ခွဲလို့ရသမျှကို Gulf စိတ်ကြိုက်ခွဲပြီးကာမှ
ပင်ပန်းကာထပ်မံအိပ်ပျော်သွားတော့သည်။

ဒီလောက်အိပ်ထားတာကို ထပ်မံအိပ်ပျော်သေးသည် သူ့ကိုယ်သူလဲ အံသြမိသည်။ ဖြစ်နိုင်တာ သူ၏မသိစိတ်ထဲတွင် ဒီနေရာက သူ့ကို လုံခြုံမှုအပြည့်ပေးနိုင်သည်ဟု သိထားတာကြောင့် ဖြစ်မည်။

"နိုးပြီလား Babe "

အိပ်မှုန်စုံမွှားဖြင့်ထလာသော Gulf၏ ဆံပင်လေးများကိုသပ်ရင်း ပြုးံကာမေးလိုက်သည်။

သခင်ကြီး၏ အပြုးံတွေက သခင်လေးပြန်ရောက်လာမှသာ
အသက်ဝင်လာသည်ကို အစေခံဟောင်းများက ရိပ်မိကြသည်။

Gulf သူ၏ ဆံပင်ကို ဖိကာသပ်ပေးနေတဲ့ကိုကိုရဲ လက်တွေကို ဖယ်ချလိုက်သည်။ ကိုကိုမျက်နှာကတော့ အပြုးံမပျက်ပေ။

Plz don't leave me,babe (Completed) Opowieści tętniące życiem. Odkryj je teraz