အပိုင်း (၁၄)

1.1K 81 3
                                    

Plz don't leave me,Babe

Gun ရဲ့ ပြိုင်ကားနီလေးက ကျောင်းရဲ့ကားပါကင်ကို
ရောက်လာသည်နှင့် အားလုးံ၏ အကြည့်က Gun ဆီတွင်သာ။

Gunကြောက်သည်။ လူတွေ ဝိုင်းကြည့်တဲ့အကြည့်ကို။ ဘယ်လို သဘောမျိုးပဲ သက်ရောက်ပါစေ။

ဒါပေမဲ့ အကြောက်တရားဆိုတာမျိုးက Gun မျက်နှာတွင် မပေါ်။ သူအပေါ်တကယ်နားလည်သူကတော့ သူအကြောက်တရားတွေကို မျက်ဝန်းမှတစ်ဆင့် နားလည်ချင်
လည်ပါလိမ့်မယ်။ Gunက သရုပ်ဆောင် ကောင်းတယ်လေ။

အတန်းထဲရောက်တော့လဲ Gun ဘယ်သူကိုမှ ဂရုမစိုက်ပါ။
စာသင်ချိန်လည်း မှောက်သာအိပ်နေသည်။ ကျောင်းသားသစ်ဆိုလို့ ဆရာ/မ တွေလည်း မပြောရဲ။

သူအကိုက Mewမလား။

နေ့လည်စာ စားချိန်ကို ကန်တင်းတွင် မစားဘဲ Gun ကားလေးနဲ့ ထွက်လာခဲ့လိုက်သည်။ လူများတဲ့ နေရာတွေကို
Gun မကြိုက်ပါ။ တစ်ယောက်တည်းသီးသန့်နေခြင်းက
သူကိုလုံခြုံစေသည်။ ဒါကလဲ သူကို နားလည်ပေးမယ့်သူ မရှိသေးလို့ပါ။

"ဟယ်လို...Gun"

"ဟယ်လို...ကိုကြီး Mewဗျ"

"နေ့လည်စာ စားပြီးပြီလား "

"ပြီးပါပြီဗျ..ကိုကြီးရော..ဒီနေ့ ကျောင်းမလာဘူးလား"

"မလာသေးဘူး..."

"ဒါဆို..ဒါပဲလေ..ကိုကြီး.."

"Gun...."

"ဗျ.."

" ဂရုစိုက်နော်."

Gun ပြုးံလိုက်သည်။ ကိုကြီးကတော့ Gunစိတ်ထဲ
ဘာတွေဖြစ်နေတယ်ဆိုတာ ခန့်မှန်းတတ်တဲ့ သူတစ်ယောက်သာ။

ကျောင်းအနီးရှိ ကဖေးဆိုင်လေးသို့ Gun ဝင်ခဲ့လိုက်သည်။
စိတ်ညစ်တဲ့အချိန် အချိုစားတာအကောင်းဆုးံပဲလေ။

ကဖေးနဲ စတော်ဘယ်ရီကိတ်မှာပြီး Gun ဆိုင်အတွင်းရှိ ချောင်ကျတဲ့ နေရာမှာထိုင်လိုက်သည်။

"မှာထားတာ ရပါပြီဗျ.."

Off မှာထားသော ကဖေးနဲ့ ကိတ်မုန့်ကိုချပေးပြီး အပြင်ဘက်သို့ ငေးနေတဲ့ကောင်လေးကို ကြည့်လိုက်မိတယ်။

Plz don't leave me,babe (Completed) Donde viven las historias. Descúbrelo ahora