အပိုင်း(၂၈)

677 80 14
                                    

Plz don't leave me ,Babe

သံချေးများတက်၍ ဖုန်းများအလိပ်လိုက်ကပ်နေသော
Gulf၏ ခါးအရွယ်ရှိ ခြံတံခါးအား တွန်းဖွင့်လိုက်တော့
တကျီကျီဖြင့်အသံပင်ထွက်လာသည်။

အထဲကို တစ်လှမ်းချင်းဝင်လာလေ Gulf၏ အပြုးံများသည် ပို
မိုတောက်ပလာလေပဲ....

သစ်ရွက်ခြောက်များပင် ပွကြဲနေပြီးလျှောက်လမ်းလေးဟာလည်း အရွက်များ ဖုန်းအုပ်လျက်။

ယခင်က မြက်ပင်စိမ်းစိမ်းခြံဝန်းလေးဟာအခုတော့ခြောက်ကပ်ပြီး
ထိုင်ခုံလေးဟာလည်း ဟောင်းနွမ်းလို့...။

"ခ်ခ်...သားကိုလိုက်ဖမ်း....ဝှီး...လေယာဉ်ပျံကြီးနဲ့...သွားပြီး..."

လေယာဉ်ပျံအရုပ်လေးကို လက်ကလေးကို မြောက်ကာ မြက်ခင်းစိမ်းစိမ်းလေးများကို နင်းရင်းပြေးလွှားနေတဲ့ကလေးငယ်ကို အနောက်မှ အဖေဖြစ်သူက ချော်လဲမည်စိုး၍ လိုက်၍ ထိန်းနေသည်။

အမေဖြစ်သူဟာလည်း ထိုင်ခုံလေးတွင် ထိုင်ရင်း ချစ်သားလေးအတွက် ပန်းသီးအား အခွံနွာပေးရင်း...အပြုးံပန်းလေးတွေ ဝေဆာရင်းပေါ့...

ပါးပေါ်စိုစွတ်လာတဲ့ မျက်ရည်ကို Gulf သုတ်ပြီးချိန်မှာတော့
ထိုပုံရိပ်လေးဟာ ပျောက်ကွယ်ခဲ့ပြီ။

အိမ်ကြီးဟာလည်း ခြောက်ကပ်ပြီး ပင့်ကူများက သူ၏ အသိုက်အဝန်းအား ကျယ်ပြန့်စွာ ဆောက်တည်းထားကြသည်။

ပစ္စည်းများအားလုးံက အတည်တကျ...ဖုန်များကပ်နေသည်မို့
Gulf သန့်ရှင်းရေးလုပ်နေမိသည်။

ပစ်ထားသည်မှာ နှစ်အတော်ကြာပြီဖြစ်သော ထိုအိမ်အား သန့်ရှင်းစေရန် ပြန်၍ သန့်ရှင်းနေမိသည်။

ရှင်းမကုန်နိုင်ပေမဲ့လည်း ထိုပစ္စည်းများနှင့်ထိတွေ့တိုင်း
အမှတ်တရများက ပျော်ရွှင်ဖွယ်....

သူအား ပုန်းခိုခိုင်းသည့် ဗီဒိုကြီးသည်လည်း ခိုင်ခန့်တုန်းပင်။

မုန်းချင်လိုက်တာ...ကိုကိုရယ်....

......................

"တောက်...ရှာကြ...မတွေ့ရင် မင်းတို့အကုန်လုးံကို သတ်ပစ်မယ်...."

Plz don't leave me,babe (Completed) Where stories live. Discover now