Plz don't leave me,Babe
Xx club
Gulf တစ်ယောက် အလုပ်ခန်းထဲတွင် အဝတ်အစားလဲနေသည်။
စားပွဲထိုး ဝတ်စုံလေးနှင့် Gulf သည် အမြင်တင့်တယ်လှသည်။ နောက်ပိုင်းလေးလဲ တင်းရင်းတော့ ပုရိသများ၏ မျက်စိအသာကျွေးခြင်းကို အမြဲခံရသည်။ တစ်ခါတစ်ရံ လက်ဖြင့် ထိကိုင်ကာ နှောင့်ယှက်ခြင်းများလည်း
ရှိသည်။သို့သော်လည်း Gulf သည်းခံခဲ့သည်။ဒီလိုနေရာမှာ လုပ်ရင်
ဒီလိုပဲ ဖြစ်မည်ဆိုတာ သိသော်လည်း။Gulf နောက်မှ မိမိကို ကြည့်နေသည်ဟု ခံစားမိသဖြင့်
နောက်သို့ လှည့်ကာ ကြည့်လိုက်သည်။သို့သော်လည်း တစ်ယောက်မှ မရှိ.။
သူပဲ စိတ်ထင်နေတာ ဖြစ်မှာပါဆိုပြီး အဝတ်လဲကာ ထွက်ပြီး
အလုပ်လုပ်ရန် စတင်တော့သည်။Gulf အလုပ်လုပ်ရင်းလဲ တစ်ယောက်ယောက် မိမိကို ကြည့်နေသလို ခံစားနေရတယ်။ဒါပေမယ့် ဘယ်သူမှန်း
သူမသိ.။"Gulf VIP အခန်းက မှာထားတာတွေ သွားပို့လိုက်အုးံ"
"ဟုတ်ကဲ့ပါ..."
Gulf လည်း ယမကာများနှင့် အမြည်းများကို ယူဆောင်ကို
ပို့ခိုင်းသည့် အခန်းသို့ ဝင်လာတော့သည်။Gulf အထဲရောက်ရောက်ခြင်း မြင်ရသည့် မြင်ကွင်းကြောင့်
အံသြမှုများက မျက်နှာတွင် အထင်းသား။Gulf စိတ်ထင် P'Mew က ဒီလို နေရာတွေ မလာတတ်ဘူးပဲ ထင်ခဲ့တာ။ အခုကျတော့ P'Mew
ဘေးမှာလဲ ကောင်မလေးတွေနဲ့။ Gulf ရင်ထဲတွင် သဝန်တိုမှုအပြင် ဝမ်းနည်းမှုပါ ရောနှောလာခဲ့သည်။သို့သော်လည်း မျက်နှာတွင် မဖော်ပြ ။ ပစ္စည်းများကို စားပွဲခုံပေါ် ချပြီးသည်နှင့် တန်းပြီး အခန်းထဲမှ ထွက်သွားသည်။ P'Mew အား ဘေးနားမှ ပွတ်ကာသီးကာ လုပ်နေသည့် မြင်ကွင်းက သူ၏ ရင်ထဲ
အသက်ရူရ ခက်စေသည်။Gulf လည်း ထပ်မတွေးတော့ဘဲ သန့်စင်ခန်းထဲသို့ ထွက်လာလိုက်သည်။
"မင်း ဘယ်သွားမို့လဲ.Mew"
Lhong သည် အခန်းထဲမှ ထွက်သွားရန် ပြင်နေသည်
Mew အား မေးလိုက်သည်။
KAMU SEDANG MEMBACA
Plz don't leave me,babe (Completed)
Fantasiငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက်သတ်ချစ်မိတဲ့ စီနီယာအကိုကြီးရဲ့ အမှောင်ဘက်ခြမ်းက ပုံရိပ်နဲ့ အဖြစ်မှန် တစ်ခု..... ငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက...