အပိုင်း (၄၈)

661 70 30
                                    

Plz don't leave me,Babe

"ကိုကိုရေ..."

Mew ခေါ်သံကြောင့် လှည့်ကြည့်လိုက်သည်။
တိမ်ငွေ့ဖြူဖြူများကြား အဖြူရောင် Shirt
အကျ လေးနှင့် ပေါင်တံသွယ်သွယ်လေးနှင့် ကောင်လေးက သူ့အား လက်ယှက်​ကာ ခေါ်နေသည်။ Mew ထိုကောင်လေးကို အားစိုက်ကြည့်လိုက်ပေမယ့် တိမ်ငွေ့များက ကွယ်နေသည်။

ဖြူဖွေးနေသောသွားတန်းညီညီလေးကတော့ ပြုံးလိုက်တိုင်း ပေါ်လာသည်။ ထိုအပြုံးလေးကို Mew တကယ်ပင် စွဲလန်းမိသည်။

"မသွားပါနဲ့ "

Mew တောင်းပန်ရင်း တားဆီးနေမိသည်။သူ၏
ပါးပြင်ပေါ်သို့ မျက်ရည်စီးချောင်းဖြတ်စီးသွားမှန်းလည်း သတိထားမိသည်။

ထိုကောင်လေးက  Mew အား ပွတ်သပ်ပြီး တိမ်ငွေ့လိုပင် ပြန်ပျောက်ကွယ်သွားသည်။

"ကိိုကို....ဘာလို့အဲလောက်ရက်စက်ရတာလဲ "

ငိုသံနှင့် ရောယှက်နေသော ထိုကောင်လေး၏ အသံကြောင့် Mew နှလုံးသားလေး မီးလောင်ကျွမ်းနေသလိုပင်။ ယခုထိတော့ တိမ်ငွေ့တွေကြား Mew တစ်ယောက်ထဲသာ။

"ချစ်ရတဲ့ အကိုကြီး Mew ရဲ့ လက်ဆောင်ကို ကျေးဇူးတင်ပါတယ် "

စကားသံအဆုံးတိမ်ငွေ့များ ကင်စင်သွားပြီး
သူ၏ရန်သူတစ်ဖြစ်လဲ Deno သည် ထိုင်ခုံတစ်ခုပေါ်တွင် ခမ်းနားစွာ ထိုင်နေပြီး Deno ၏ ပေါင်ပေါ်တွင် အဖြူရောင် Shirt ဝတ်စုံလေးနဲ့ ကောင်လေးထိုင်နေသည်။ ကောင်လေး၏ ပေါင်တံသွယ်သွယ်လေးကို Deno ပွတ်သပ်နေသည်။

Deno ၏လည်ပင်းတွင် မျက်နှာအပ်ထားသောကြောင့် ကောင်လေး၏မျက်နှာကို မမြင်ရပေ။
Deno က ထိုကောင်လေး၏လည်ပင်းသား ဖြူဖြူလေးကို စုပ်ကာနမ်းနေသည်။ လျော့တိလျော့ရဲအကျ...ကြောင့်ပေါ်နေသော ပခုံးသားတွင်လည်း နီရဲနေသော အမှတ်များဖြင့် ပြည့်နေသည်။

ကြည့်နေရင်းပင် Mew ၏ စိတ်ထဲ Denoအား သတ်ချင်စိတ်များ ဖြစ်ပေါ်လာသည်။ Deno ကတော့ အောင်နိုင်သူအပြုံးဖြင့် သူအား လှောင်ပြောင်ကြည့်နေသည်။

"အဟင့်...ဟင့်...အဟင့် "

ရှိုက်သံအဆုံး ကောင်လေး၏ မျက်နှာလည့်လာခဲ့သည်။

Plz don't leave me,babe (Completed) Where stories live. Discover now