Pls don't leave me, Babe
"Babe အိပ်ပြီလား "
Mew တံခါးခေါက်ရင်းအခန်းထဲမှ Babe ကိုမေးလိုက်သည်။
"ဟင့်အင်း ဝင်ခဲ့လေ "
Mew အခန်းထဲသို့ဝင်သွားချိန်သစ်သားပုခက်လေးထဲကအကောင်ပေါက်လေး၏ဗိုက်ကိုခပ်ဖွဖွပုတ်ရင်းသပ်ပေးနေသည့် Babe ။
"ဘာပြောစရာရှိလို့လဲ "
Gulf Lucas လေးကိုစောင်ပါးလေးခြုံပေးရင်းမေးလိုက်သည်။
"ကိုယ်...ကိုယ်လေ Babe နဲ့အတူတူအိပ်လို့ရမလား "
" ...... "
"တကယ်တော့ကိုယ်ညအိပ်ပျော်သွားတိုင်းအိမ်မက်ဆိုးတွေမက်လို့အိပ်ရေးမဝဘူးဒါပေမယ့် Babe အနားမှာအိပ်ရင်တော့ကိုယ်လုံးဝအိပ်ပျော်လို့ "
မခိုင်လုံသောအကြောင်းပြချက်များကိုပေးကာ Mew Babe နှင့်အတူအိပ်ရရန်ဉာဏ်ဆင်လေသည်။
Gulf ခေါင်းငြိမ့်လိုက်သည်။တကယ်ဆိုခင်ဗျားဘာသာဟိုဘက်အခန်းကကောင်နဲ့တူတူသွားအိပ်ပါလားဆိုပြီးစိတ်ဆိုးမိချင်ပေမယ့်ကိုယ်နှလုံးသားကို ( Mew) သူများဆီပေးရအောင်အထိသူမရူးမိုက်။
"ခေါင်းအုံးရော "
Gulf တစ်ယောက်တည်းအိပ်ရတာမို့ပိုနေသောခေါင်းအုံးကိုသိမ်းထားခဲ့သည်။
"မရှိဘူးတစ်လုံးပဲရှိတယ် "
အကြံဆိုးလေးနဲ့ကြောင်ဆိုးလေး Babe ကို Mew အချစ်များပိုရသည်။
"အဟမ်း....Babe ကတော့ကွာ ကိုယ်ရင်ခွင်ထဲအိပ်ချင်ရင်အိပ်ချင်တယ်လို့မပြောဘူးလူလည်ကျနေတယ် "
"ဘာ...ဘယ်....ဘယ်သူကခင်ဗျားရင်ခွင်ထဲအိပ်ချင်လို့လဲ လူယုတ်မာ ခင်ဗျားပဲကျွန်တော်အခန်းထဲအရင်ဝင်လာတာလေ "
Gulf ရှက်ရမ်းရမ်းကာခေါင်းအုံးကိုကိုယ့်ဘက်ဆွဲပြီးလှဲအိပ်လိုက်သည်။ထို့နောက်အေးစက်သည့်လက်ဖဝါးတစ်ခုက Gulf ခါးကိုရစ်ပတ်လာသည်။
"ဟုတ်ပါပြီ ကိုယ်ကသာဟောဒီက Babe လေးကိုရင်ခွင်ထဲထည့်အိပ်ချင်တာပါကိုယ်ဝန်ခံပါတယ် ကိုယ်ကလူယုတ်မာပါ ဒါဆိုကိုယ်တို့စကြတော့မလား "
ESTÁS LEYENDO
Plz don't leave me,babe (Completed)
Fantasíaငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက်သတ်ချစ်မိတဲ့ စီနီယာအကိုကြီးရဲ့ အမှောင်ဘက်ခြမ်းက ပုံရိပ်နဲ့ အဖြစ်မှန် တစ်ခု..... ငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက...