Plz don't leave me, Babe
Gulf အကောင်းဆုးံပြင်ဆင်ပြီး ပါတီကျင်းပရာ နေရာသို့ ရောက်လာခဲ့သည်။ ဘယ်တုန်းကမှ ထပ်ရောက်မယ်လို့ မထင်ခဲ့တဲ့ စီနီယာရဲ စံအိမ်ကြီးထဲ နောက်တစ်ခေါက် ထပ်ရောက်လာပြန်ပြီး ။ Gulf ခြံကြီး၏ ရှေ့မှာပဲ ရပ်ကာ ဝင်သွားဖို့ကို တုံဆိုင်းနေသည်။ ခြံရှေ့တွင် စောင့်သော ဂိတ်စောင့်များက ပါတီကို လာကြသူများ၏ လက်မှတ်များကို စစ်ပြီးမှ အထဲသို့ ဝင်ရသည်။ သီးသန့်ဧည့်သည်များကတော့
ကားဖြင့်သာ တိုက်ရိုက်ဝင်ကြသည်။ Gulf ဂိတ်မှဖြတ်ပြီး
ခြံဝန်းထဲသို့ ဝင်လိုက်သည်နှင့် မီးရောင်စုံများအောက်တွင်
ပျော်ရွှင်မြူးထူးနေကြသေယ လူငယ်များ။ ဘယ်လိုကြည့်ကြည့် အထက်တန်းစား ပါတီဖြစ်တာကြောင့်
Gulf ရှေ့ဆက်တိုးဖို့ မရဲ။ တစ်ခါမှလဲ ဒီလို ပါတီမျိုးနဲ့
မဝင်ဆံခဲ့သည်အတွက်။ Gulf ဆုးံဖြတ်လိုက်သည်။ ပြန်ထွက်သွားဖို့ကို ။"Gulf ရောက်ပြီလား။ ကိုယ်က မျှော်နေတာ"
Gulf ပြန်ထွက်ဖို့ နောက်လှည့်လိုက်ပေမယ့် စီနီယာနဲ့ တိုးတာကြောင့် ပြန်ထွက်သွားမဲ့ အစီအစဉ် ပျက်ခဲ့ရပြီး။
"အာ...ကျွန်တော်က....လူနည်းနည်း ရှုပ်လို့ပါ.."
"လိုက်ခဲ့...ကိုယ်နဲ့"
Mew Gulfကို လက်ဆွဲကာ ပါတီပွဲအတွင်းသို့ ခေါ်သွားသည်။ တစ်ကယ်တော့ Mewက Babe ဝင်လာတကည်းက လိုက်ကြည့်နေမိတာ။ ပြန်မထွက်သွားရင် ဆွဲလိုက်နိုင်လို့ တော်သေးတယ်။
အိမ်တော်ရဲ့ အတွင်းမှာတော့ လူကြီးလူကောင်းများ ၊ ရှယ်ယာရှင်များ၊ ရာထူးကြီးများက တောက်ပစွာ ဝတ်စားထားပြီး Mew နှင့် ရောရန်ပင် ကြံနေသော်လည်း
Mewကတော့ အိမ်အပေါ်ထပ်ူ၏ အခန်းမှ ဆင်းမလာ။ ဆင်းလာပြန်တော့လည်း ခြံထဲသို့ ဆင်းသွားကာ အရောင်အဝါမရှိသည့် ကောင်လေးကို လက်ဆွဲကာ စံအိမ်ထဲသို့ ဝင်လာတာကြောင့် အားလုးံ ဆွံအနေကြသည်။ပါတီပွဲရဲ အဓိက ဇာတ်လိုက်ကတော့ Gun။
လူငယ်မို့ ပါတီပွဲလုပ်ချင်သည်ဟူ ပြောလာတာကြောင့် ပါတီပွဲကို အကြောင်းပြကာ အမှောင်ဘက်မှ လက်နတ်များ ခိုးထုတ်ပြီး တရုတ်ဘက်သို့ တင်သွင်းခြင်း။ ရဲဘက်ကလဲ
Mewကို စောင့်သာကြည့်နိုင့်သည်။ မဖမ်းနိုင်။ အကောင်ကြီးတွေက Mew လက်ထဲမှာမလား။
နောက်ထပ် ရည်ရွယ်ချက်ကတော့ Babeကို သိမ်းပိုက်ရန်။
YOU ARE READING
Plz don't leave me,babe (Completed)
Fantasyငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက်သတ်ချစ်မိတဲ့ စီနီယာအကိုကြီးရဲ့ အမှောင်ဘက်ခြမ်းက ပုံရိပ်နဲ့ အဖြစ်မှန် တစ်ခု..... ငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက...