Plz don't leave me, Babe
Gulf တစ်ယောက် ဒီနေ့တော့ သွားနေကြဖြစ်သည့် စာကြည့်တိုက်ကို မသွားဖြစ်ခဲ့...။ မသွားရဲတာဆိုလို ပိုမှန်မည်...။
စီနီယာကတော့ စာကြည့်တိုက်မှာပဲ ပုံမှန်သာဖတ်နေသည်။
တကယ်ပဲ စီနီယာက ဘာမှမဖြစ်သလိုမျိုး...။
အခန်းဝတွင်ပဲ စီနီယာကို ငေးကြည့်ကာ Gulf လှည့်ထွက်လာခဲ့သည်။
"ဟေး...Gulf...."
နမည်ကို ခေါ်နေတာကြောင့် Gulf လှည့်ကြည့်လိုက်မိသည်။
"အာ...အစ်ကို Guy....မင်္ဂလာပါဗျ.."
"အော်..ဒါနဲ့..ညီ ဒီနေ့အားလား.."
"ဗျာ...ဘာလိုလဲ..မသိဘူး..."
"အချိန်ရရင် အကိုနဲ့ ရုပ်ရှင်သွားကြည့်ရအောင်...ဒီမှာ.."
Guy က သူအိပ်ကပ်ထဲက လက်မှတ်နှစ်စောင်ကို ထုတ်ပြသည်။
ဒါက လိုက်ကိုလိုက်ရမယ်လို့ ပြောလိုက်တာ မဟုတ်ဘူးလား?
Gulf ငြင်းရခက်နေသည်။ ဒုးံတိကြီး ငြင်းရအောင်လည်း ကိုယ်က သူအကျီ င်္ကို ဖျက်စီးခဲ့မိသူ...။
သေစမ်းကွာ...ဘာလို့များ မွေးကတည်းက အားနာစိတ်ကြီးက ပါလာရတာလဲ..
"အမ်...ကောင်း.."
"သူမအားဘူး...!"
Gulf လက်ခံလိုက်ဖို့ ကြံပေမဲ့လည်း နောက်မှ ငြင်းလိုက်သည့် အသံကြောင့် အားတက်သွားရသည်။
တစ်ဆက်တည်းမှာပဲ စီနီယာဖြစ်နေတာကြောင့် Gulf တစ်ယောက် မျက်နှာ ပူရပြန်သည်။"ငါ့ခေါ်တာ Gulf ကိုပါ...ဘာကြောင့် မင်းက ဝင်ဖြေတာလဲ..."
"ငါ့တို့ မအားဘူး..စာတမ်းပြုစုစရာရှိတယ်...ဟုတ်တယ်မလား..Gulf"
"အာ...ဟုတ်သားပဲ ကျွန်တော် မေ့နေတာ...နောက်မှပဲ သွားကြတာပေါ့ အစ်ကို Guy"
"အဲဆိုလဲ ကောင်းပါပြီ..အစ်ကို သွားတော့မယ်..."
"ဟုတ်ကဲ...အစ်ကို Guy. .ကောင်းကောင်းသွားပါဗျ..."
Guy ထွက်သွားပြီးတော့ Gulf လည်း Mewရဲ့ မျက်နှာကို မကြည့်ဘဲ...
"ကျေးဇူးတင်ပါတယ်...စီနီယာ...ကျွန်တော် သွားလိုက်ပါအုးံမယ်..."
VOUS LISEZ
Plz don't leave me,babe (Completed)
Fantasyငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက်သတ်ချစ်မိတဲ့ စီနီယာအကိုကြီးရဲ့ အမှောင်ဘက်ခြမ်းက ပုံရိပ်နဲ့ အဖြစ်မှန် တစ်ခု..... ငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက...