အပိုင်း (၃၉ )

720 79 15
                                    

Plz don't Leave Me,Babe

Unicode

"အဲတော့....သူ့က ငါပိုင်နက်ထဲကနေ လုသွားတယ်ပေါ့"

ဝတ်စုံအပြည့်နှင့်လူများ ဖြောင့်တန်းစွာမတ်တပ်ရပ်ထားကြသော်လည်း သူတိုတုန်ယင်နေသည်ဆိုတာ သူတို့သာ သိသည်။

Mewသည် မိမိပိုက်နက်ထဲ အလွယ်တကူဝင်ကာ မိမိတို့ ပစ္စည်းများအား ယူသွားသည့်သူကို အမှန်တကယ်ပင် ချီးကျူးမိသည်။ မိမိလက်အောက်က လူများသည်
နမည်တောင်မရှိသည့် ဂိုဏ်း၏ လှည့်စားခြင်းကို
ခံလိုက်ရသည်တဲ့။

Mew၏ ပါးကို တစ်ဖက်လှည့်နှင့်ရိုက်သွားသူကို Beom ထိုသူအစား ဆုတောင်းပေးနေမိသည်။

လွတ်အောင်သာ ပြေးပါ...အမည်မသိသူရေ....

"တောင်းပန်ပါတယ်....နောက်တစ်ခါမဖြစ်စေရပါဘူး"

လက်အောက်ဂိုဏ်းအသီးသီး၏ ခေါင်းဆောင်များသည်
မျက်စိသာ အသာမှတ်၍ ကတိများ အထပ်ထပ်ပေးနေကြသည်။

Mew မျက်ခုံးနှစ်ခုကြား လက်မနှင့် လက်ညိုးဖြင့် အသာပွတ်သပ်ရင်း Beom အား အသုံးမကျသူများအား
ရှင်းပစ်ရန် အချက်ပေးလိုက်သည်။

Beom လည်း သူ့လက်အောက်မှ လူများကို ခေါင်းငြိမ့်ပြလိုက်သည့်အခါ တုန်ယင်စွာမတ်တပ်ရပ်နေကြသော လူငါးဦးကို အခန်းထဲမှ ဆွဲထုတ်ကြသည်။

"သခင်ကြီး...ကျွန်တော်တို့ မှားပါတယ်.."

"ခွင့်လွှတ်ပေးပါ...သခင်ကြီး..."

"မှားခဲ့ရင်တောင်...ပြန်ပြင်ခွင့်ပေးပါ..."

အပြိုင်အဆိုင်လုပြောကြရမှာ နောက်ဆုံးစကားကို Mew ကြားကာ မှိတ်ထားသော မျက်လုံးများ ပွင့်လာကာ အတိတ်ဆီသို့ မှတ်ဥာဏ်များ ရောက်ရှိသွားသည်။

"ဟွန်း.....လွဲပြန်ပြီ.."

Mew ခေါင်းအသာရမ်းရင်း လက်လျော့လိုက်ပြီဆိုသည့်
ပုံစံဖြင့် Babeအား ကြည့်လိုက်သည်။

Mew၏ မျက်ဝန်းမှအကြည့်များကို နားလည်သည့်အလား Babeသည် နှုတ်ခမ်းလေးဆူကာ
ပစ္စတိုသေနတ်အား မြက်ခင်းပေါ်သို့ ပစ်ချလိုက်သည်။

Plz don't leave me,babe (Completed) Où les histoires vivent. Découvrez maintenant