Pls don't leave me,Babe
Beom လူရှင်းသည့်နေရာသို့ရောက်သောအခါ Pai ကိုင်ထားသောသူ့လက်ကိုဆွဲဖြုတ်လိုက်သည်။ ရုတ်တရက်ဆွဲဖြုတ်လိုက်တာကြောင့် Pai ၏ခြေလှမ်းများလည်းရပ်တန့်သွားသည်။
"ဘာဖြစ်လို့လဲ အကို "
Beomပဲစိတ်ထင်လို့ပဲလားမသိ Pai ၏မျက်လုံးထဲမှဝမ်းနည်းမှုများကိုတွေ့လိုက်ရသည်။
"လက်ကိုင်တဲ့အပြုအမှုက မသင့်တော်ပါဘူး ဘယ်လိုပဲမင်းကအတုယောင်ဖြစ်နေပါစေအခုချိန်မှာသခင်ကြီးကမင်းကိုသူ့သိပ်ချစ်တဲ့ကောင်လေးလို့ထင်ထားတာကျေးဇူးပြုပြီအနေထိုင်ဆင်ခြင်ပါ "
"ဘာလို့ ဘာလို့ကျွန်တော်ကိုတစ်ခါတည်းမရှင်းပစ်လိုက်တာလဲအနားမှာကြာကြာထားရင်ပိုပြီးထိခိုက်နိုင်တယ်မဟုတ်ဘူးလား "
"မင်းမလုပ်နိုင်ဘူးမင်းကိုအခုချိန်ထိမသတ်ဘဲထားထားတာကမင်းအဖွဲ့အစည်းလဲဆိုတာသိရအောင်အကယ်၍များသခင်ကြီးနဲ့သခင်လေးတို့သာတစ်ခုခုဖြစ်သွားရင်မင်းကိုငါအရင်သတ်မှာ "
တိကျပြတ်သားလွန်းတဲ့စကားကိုကြားရတဲ့အခါ Pai နှလုံးသားလေးနာကျင်လွန်းကာစုတ်ပြတ်သပ်နေသလိုပင်။အကိုကတစ်ခါလေးတောင်မှသူ့ကိုမှတ်ဉာဏ်ထဲထည့်မထားခဲ့ဘူး။အကိုရဲ့နှလုံးအိမ်မှာဆိုမဖြစ်နိုင်တဲ့တောင်းဆိုးမှုပဲ။
"တောင်းပန်ပါတယ်ကျွန်တော်ကတော့အကိုတွက်ပဲဖြစ်ဖြစ်သူ့ကိုသတ်ရမှာပဲ "
Pai ပြောပြီးသည်နှင့်လှည့်ထွက်လာခဲ့သည်။ကျဆင်းလာတဲ့မျက်ရည်ကိုအကိုမမြင်စေချင်။ပျက်စီးပစ်မှာ။ကျွန်တော်ထက်ပိုပြီအကိုဂရုစိုက်တဲ့အရာမှန်သမျှအကုန်ပျက်စီးပစ်မှာ။ပြီးရင်အကိုကိုကျွန်တော်အနားမှာပဲတစ်သက်လုံးချုပ်နှောင်ထားမှာ။ဘာလို့လဲဆိုတော့အကိုနှလုံးသားကကျွန်တော်အတွက်မဟုတ်ဘူးဆိုတာကျွန်တော်သိနေလို့ပဲ။
Beom ၏ Pai ၏နောက်ကျောကိုသာကြည့်နေမိသည်။ Pai ပြောသည့်စကားများကိုနားမလည်ပေမယ့်လည်း Pai မျက်လုံးထဲမှရက်စက်မှုများကိုတွေ့နေရသည်။
"ဟယ်လို Deno "
တစ်ဖက်မှ Deno သည် မူးယစ်ဆေး၏သားကောင်ဖြစ်နေပေမယ့်သူတွင်အသိရှိသေးသည်။ Deno သည်လုပ်လက်စအလုပ်များကိုရပ်လိုက်ပြီးကြီးမားသည့်မှန်ပြတင်းပေါက်ကြီးမှတစ်ဆင့်ပင်လယ်ပြင်ကြီးကိုကြည့်နေသည်။
ESTÁS LEYENDO
Plz don't leave me,babe (Completed)
Fantasíaငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက်သတ်ချစ်မိတဲ့ စီနီယာအကိုကြီးရဲ့ အမှောင်ဘက်ခြမ်းက ပုံရိပ်နဲ့ အဖြစ်မှန် တစ်ခု..... ငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက...