Plz dont leave me,Babe
ဒီနေ့နဲ့ဆို ကိုကိုနဲချစ်သူဖြစ်သည်မှာ ငါးနှစ်ပြည့်ပြီ။
စတွဲကတည်းက ကိုကိုက ကျွန်တော်ကို သူချစ်သူဖြစ်ကြောင်း
အတိအလင်းကြေညာခဲ့တယ်။အရမ်းလည်း ဂရုစိုက်ပြီး အရမ်းလည်း ချစ်ပြတော့ တစ်နေ့နေ့
ကိုကို ကျွန်တော်ကို မချစ်တော့မှာ စိုးထိတ်တဲ့စိတ်ကများနေတယ်။ကိုကိုက ရုပ်ချောပြီး အောင်မြင်နေတဲ့ စီးပွားရေးပညာရှင်လေ။ကျောင်းမပြီးခင်ကတည်းက
ကိုကိုက အကျော်မော်။ကိုကိုဘေးနားမှာ ကျွန်တော်ထက် လှပြီး အရမ်းချစ်ဖို့ကောင်းတဲ့ ကောင်လေးတွေ ကောင်မလေးတွေ
ဝိုင်းနေတာတော့ အမှန်။တစ်နေ့နေ့မှာ ကိုကို စိတ်ပြောင်းသွားမလားဆိုပြီး တွေးပူနေမိတာက အမှန်။
ငါးနှစ်အတွင်း ကိုကိုနဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ အချိန်တွေတောင် ပြောင်းလဲကုန်ပြီ။
အချိန်တွေ ကြာလာတာနဲ့အမျှ ကျွန်တော်သိလာတာက
ကိုကို ကျွန်တော်ကို အရမ်းချစ်တယ်ဆိုတာပဲ။ချစ်သူဖြစ်စကတည်းက ကိုကိုနဲ့အတူနေလာခဲ့တယ်။
မိဘမဲ့ တစ်ကောင်ဖြစ်တဲ့ ကျွန်တော်ကို အချစ်တွေ ပေးပြီး
နွေးထွေးမှုပေးတဲ့ ကိုကိုက ကျွန်တော်အတွက်တော့
ဖန်းဆင်းရှင်အလားပဲ။"ကိုကို...ဒီနေ့ အိမ်ကို ဘယ်ချိန်ပြန်လာမှာလဲ"
Gulf အလုပ်လုပ်နေသော Mew၏ ပေါင်ပေါ်တွင် ခေါင်းအုးံရင်း ဖုန်းသုးံနေလျက် မေးလိုက်သည်။
Gulf ဘွဲ့ရပြီးကတည်းက ဘာအလုပ်မှ မရှိ။ မလုပ်ခိုင်းတာဆို ပိုမှန်မည်။
Gulf အလုပ်က မနက်ခင်း Mewကို နိုးပြီး မနက်စာအတူစား။ အလုပ်သွားဖို့ ပြင်ဆင်ပေး။ ပြန်လာရင်ကြို။ ဒါပါပဲ။ အိမ်ရှင်မ တစ်ယောက်လို။
ချစ်လွန်းလို့ ဘာအလုပ်မှ မခိုင်းဘဲ အလှကြည့်ထားတာ။
တစ်ခါတစ်လေ သွေးသားဆန္ဒကတော့ ချွင်းချက်ပေါ့။"အမ်...ဒီနေ့ ကိုကို နောက်ကျမှ ပြန်လာဖြစ်မယ်။ ဘာလို့လဲ
Babe"
YOU ARE READING
Plz don't leave me,babe (Completed)
Fantasyငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက်သတ်ချစ်မိတဲ့ စီနီယာအကိုကြီးရဲ့ အမှောင်ဘက်ခြမ်းက ပုံရိပ်နဲ့ အဖြစ်မှန် တစ်ခု..... ငယ်ငယ်ကတည်းက အရိပ်ရိပ်တကြည်ကြည်နဲ့ နောက်ကွယ်ကနေ စောင့်ရှောက်လာပေးခဲ့တဲ့သူ..... တစ်ဖက...