Arc 4.5 ရုန်လဲ့

7.6K 826 34
                                    

Arc 4.5 ရုန်လဲ့

''အစ်ကိုကြီး ကျွန်တော် ကိုယ့်အခန်းကိုယ်ပြန်အိပ်မယ်လေ ''

''မရဘူး ကောင်လေးငယ်က အခုထိ နေကောင်းသေးတာမဟုတ်ဘူး ကိုယ်နဲ့ပဲအိပ်ရမယ် ကောင်လေးငယ်က လိမ္မာပါတယ် စကားနားထောင်နော်''

''ဟုတ်''

ပြောမရတဲ့အဆုံး 'ဟုတ်' လို့ ရှုတည်တည်ပြောလိုက်ပြီး အစ်ကိုကြီးကို ကျောပေးပြီးတော့အိပ်လိုက်တော့သည်။ ဟုတ်တယ်လေ ကိုယ့်အခန်းကိုယ် ပြန်ပြီးတော့ အိပ်ပါမယ်ဆိုတာကို နေမကောင်းဘူးလို့ပြောပြီး သူနဲ့အတူတူအိပ်ခိုင်းနေတာ ။

ရတယ်လေ အစ်ကိုကြီးပြန်အိပ်ပျော်သွားတော့မှပဲ တိတ်တိတ်လေးခိုးထွက်ပြီး ကိုယ့်အခန်းကိုယ်ပြန်အိပ်မယ် ။
အစ်ကိုကြီးကသူ့အကြံကို သိတယ်ထင်ပါရဲ့ သူ့ခါးကို လက်ကြီးတွေနဲ့ တင်းတင်းဖက်ပြီး သူ့ရင်ခွင်ထဲထည့်ထားလေသည်။

''အစ်ကိုကြီး အိပ်နေပြီလားဟင်''

''အင်း ဘာလို့လဲ ကောင်လေးငယ် ဗိုက်ဆာလို့လဲ''

''ဟို ကျွန်တော့်ကိုဖက်ထားတာ နည်းနည်းလောက် လွှတ်ပေးပါလား နည်းနည်းလေးပဲလေ''

''ဘာလို့လဲ ကောင်လေးငယ်က ကိုယ်အိပ်ပျော်သွားရင် တိတ်တိတ်လေး ခိုးထွက်သွားမလို့လား''

''ဟင် မဟုတ်ပါဘူး ဟိုဟာ ကျွန်တော်မအိပ်တတ်လို့ နည်းနည်းလောက် ဖယ်ပေးလေနော် ''

''အဟင်း ကောင်လေးငယ် မအိပ်တတ်သေးလည်း နောက်ဆိုအသားကျသွားမှာပါ''

''ဟင် အစ်ကိုကြီး ဘာကိုပြောတာလဲဟင်''

''ဘာမှမဟုတ်ပါဘူး အိပ်တော့နော် နေကောင်းသေးတာလည်းမဟုတ်ဘူး မနက်ဖြန်ကျ ကိုယ်နဲ့ကုမ္ပဏီကို လိုက်ခဲ့ရမယ်''

''မနက်ဖြန် ကျွန်တော် ကျောင်းသွားရဦးမယ်လေ''

''ကောင်လေးငယ်က မေ့နေပြန်ပြီပဲ နေမကောင်းသေးဘူးလေကွယ် ကျောင်းသွားဖို့ကို ဘာလို့တွေးနေရပြန်တာလဲ''

''ဟုတ် အဲ့တာဆို ကျွန်တော်အိပ်တော့မယ်နော် ကောင်းသောညပါ အစ်ကိုကြီး''

''အင်း ကောင်းသောညပါ ကောင်လေးငယ် ကိုယ့်ရင်ငွေ့ကိုလှုံပြီး နွေးနွေးထွေးထွေး အိပ်ပျော်အောင်အိပ်တော့နော်''

You Own Me SomeoneWhere stories live. Discover now