Arc6.3
တစ်ချက်တစ်ချက်နိုးလာတဲ့ သားလေးကြောင့် သူလည်း အိပ်ပျော်လိုက်နိုးလာလိုက်ဖြစ်လာသည်။ အေးလို့နိုးလာတာမဟုတ်ဘဲ ဗိုက်ဆာလို့နိုးလာတဲ့သားကြောင့် နို့တိုက်လျက်ဘဲအိပ်ပျော်သွားရတာလဲရှိသည်။
တစ်ရေးနိုးလာပြီးတဲ့နောက်တော့ သူလည်းအိပ်မပျော်တော့တာနဲ့ တစ်ညလုံး သားလေးနဲ့ဖန်ရှင်းတို့အိပ်ပျော်နေတာကိုသာ ထိုင်ကြည့်နေလိုက်သည်။ နေရောင်ကြောင့်နိုးလာသည့် သားလေးက မျက်လုံးလေးတွေပွင့်လာကာ ဟိုကြည့်ဒီကြည့်လိုက်ကြည့်နေသည်။ သားလေးဘေးက ဖန်ရှင်းကတော့ နေရောင်ခံလို့ကောင်းနေဆဲ။
သားလေးကိုပွေ့ချီလို့ သန့်ရှင်းပေးပြီးတာနဲ့ နို့တိုက်ပြီး ဘေးနားကအိပ်နေတဲ့မြေခွေးကြီးကို နှိုးရပြန်သည်။
'ဖန်ရှင်းထတော့ ငါတို့တွေခရီးဆက်ရဦးမယ်'
[ဟုတ်ကဲ့ပါhostရ ကျွန်တော်နိုးနေပါပြီ နေရောင်နွေးနွေးလေးက နေလို့ကောင်းလို့ ခဏလောက်မှေးနေတာ]
'နို့တိုက်ပြီးတာနဲ့ သားလေးကိုဘေးချပြီး သူ့ကိုယ်သူသန့်ရှင်းရေးလုပ်ကာ ကိုယ်ပေါ်ကအဝတ်တွေကိုလည်း သန့်ရှင်းရေးလုပ်လိုက်သည်။ လက်တစ်ချက်ဝှေ့လိုက်တော့ သူ့ရှေ့မှာ ရေမှန်တစ်ချက်ပေါ်လာပြီး မူလကိုယ်ရဲ့ရုပ်ပုံကိုမြင်လိုက်ရသည်။
dominat omega ဆိုတဲ့အတိုင်း သာမာန်omegaတွေထက် ပိုပြီးလှပကာ သန်မာလေသည်။ ပြာလဲ့လဲ့မျက်ဝန်းလေးတွေက ကြည့်မိသူတိုင်းကို စွဲလမ်းသွားစေနိုင်သည်။ ဆေးမကူတဲ့နီရဲရဲနှုတ်ခမ်းသားစိုစိုလေးက စွဲနမ်းလိုက်ချင်စရာ။ pheromonesရနံ့လေးတွေက ျကာပန္းရနံ့လေးတွေအဖြစ် လေးထဲမှာသင်းပျံ့နေသည်။ ဒီအတောအတွင်းပင်ပန်းနေလို့ ပေါ်လာတဲ့ မျက်ကွင်းညိုညိုလေးတွေက ခန္ဓာကိုယ်အဆင့်မြှင့်ပြီးတဲ့နောက်မှာ ပျောက်ကွယ်သွားသည်။
အကာအကွယ်ကိုသိမ်းလိုက်ပြီး ခရီးထွက်ဖို့အတွက်ပြင်ကာ သားလေးကိုရှေ့မှာပိုးထားလိုက်သည်။ ဘေးနားမှာ နတ်သားရဲဖြစ်တဲ့ ဖန်ရှင်းပါလာတာမို့ သားရဲတွေဟာ အနားကိုမကပ်ရဲကြပေ။ နားလိုက်သွားလိုက်နဲ့ ရှေ့ဆက်လာလိုက်ကြတာ သူတို့သွားချင်တဲ့ D baseရဲ့ပိုင်နက်အစွန်အဖျားကို ဆယ်ရက်အတွင်းရောက်သွားလေသည်။
YOU ARE READING
You Own Me Someone
FanfictionYou Own Me Someone Xiao Zhan က အသက် 17နှစ်သာရှိသေးတဲ့ ကျောင်းသားလေးတစ်ယောက် တစ်နေ့ သူ့crush ဆီကအပြန် လမ်းမှာ ကားတိုက်ခံရပြီး system space ထဲ ရောက်သွားတဲ့အခါ .......... You Own Me Someone Xiao Zhan က အသကျ 17နှစ်တာ ရှိသေးတဲ့ ကျောင်းသားလေးတစ်ယောက် တစ်န...