Arc5.5စစ်ရိပ်ခြံ

5.2K 595 24
                                    

နေမကောင်းတဲ့ကြားကရေးတင်ပေးလိုက်တာပါ
...........................................................

Arc5.5စစ်ရိပ်ခြံ

မာန် သူ့လူတွေရဲ့သတင်းပေးမှုကြောင့် အစည်းအဝေးခန်းထဲကနေထွက်ကာ သူ့လူတွေရဲ့GPSအတိုင်းလိုက်ပြီး နှိုင်းသဇင် ရိပ်ကို ဖမ်းထားခဲ့တဲ့နေရာကိုရောက်လာခဲ့သည်။

အပြင်မှာတော့ သူမရောက်သေးလို့စောင့်နေတဲ့ သူ့လူတွေကိုတွေ့လိုက်ရသည်။ အထဲကိုဝင်ဖို့အရေး နှိုင်းသဇင်ရဲ့လူတွေနဲ့ တိုက်ခိုက်နေရတာမို့ သူရောက်သွားတဲ့အချိန်မှာတော့ ရိပ်ကိုနှိုင်းသဇင်ကဓားနဲ့ထိုးပြီးသွားတဲ့အချိန်ပင်။

သတိမလစ်အောင်တင်းခံထားတဲ့ရိပ်က သူ့အသံကိုကြားသည်ထင် မော့ကြည့်လာပြီးတဲ့နောက်မှာတော့ တင်းခံထားသမျှ လျှော့ချလိုက်သည်ထင်ရသည်။ လဲကျနေတဲ့ရိပ်ရဲ့ကိုယ်ကိုပွေ့ကာ သူ့လူတွေကိုအကြည့်တစ်ချက်ပေးပြီး နီးရာဆေးရုံကိုအမြန်ပြေးရသည်။

ကျန်ခဲ့တဲ့နှိုင်းသဇင်မှာတော့ ကိုစစ်ရဲ့အေးစက်စက်အကြည့်တွေကြောင့် သွေးပျက်နေခဲ့ရပြီ။ သူ(မ)ထင်တာက ကိုစစ်သူ(မ)လုပ်နေတာကိုမသိဘူးဟူ၍။ ဒါပေမယ့် ကိုစစ်က သူမနောက်ကိုလူတွေလွှတ်ထားခဲ့သည်။ ဒါဆို ကိုစစ်ကအရင်ကတည်းက သူ(မ)နောက်ကို လူတွေလွှတ်ထားခဲ့တာလား။ ဒါဆို သူ(မ)ရဲ့လုပ်ရပ်တွေအကုန်လုံးကို ကိုစစ်သိနေခဲ့တယ်လို့ ဆိုလိုတာလား။

ဆေးရုံတွင်တော့ မာန်တစ်ယောက် ခွဲစိတ်ခန်းရဲ့အပြင်ဘက်မှာ သွေးပျက်နေခဲ့ပြီ။ အထဲကနေ ရိပ်တစ်ယောက် ပြန်ထွက်မလာမချင်း သူလည်းစိတ်အေးရမည်မဟုတ်ပေ။ ခဏနေတော့ အထဲကနေဆရာဝန်တွေပြန်ထွက်လာကြသည်။

''ဆရာ လူနာအခြေအနေဘယ်လိုရှိလဲ ကလေးရော ထိခိုက်မိသွားသေးလား''

''ကံကောင်းတယ်ပဲပြောရမယ် ကလေးကိုထိခိုက်မသွားဘူး စိတ်ချရအောင်တော့ ဆေးရုံမှာပဲ တစ်ပတ်လောက်စောင့်ကြည့်ပေးရမယ်''

''ဆရာ ကျွန်တော့်အမျိုးသားကို ရန်ကုန်ကဆေးရုံကိုပြောင်းချင်တယ် အဆင်ပြေရင် တစ်ချက်လောက်ကူညီပေးပါ''

You Own Me SomeoneDonde viven las historias. Descúbrelo ahora