Arc6.4 လီယြဲ႔ဟူ

4.1K 546 19
                                    

အရင်အပိုင်းရဲ့အောက်နားမှာ လီချင်းရဲ့စွမ်းအင်ကိုနှစ်မျိုးလို့ မှားရေးမိလို့ ပြင်ဖတ်ပေးကြပါဦးနော် အမှန်က သုံးမျိုးပါ
....................................................
Arc6.4
ယွဲ့ဟူပြောလိုက်သည့်စကားကြောင့် အားလုံးကထိတ်လန့်နေပေမယ့် မယုံကြည်တဲ့လူတွေလည်းရှိသည်။ ထိုထဲမှာ ဇာတ်လိုက်နှစ်ယောက်လည်း အပါအဝင်ပေ။

ဟေးလုံကတော့ ယွဲ့ဟူပြောသမျှကိုမယုံကြည်နိုင်ပေ။ ပြောင်းလဲမှုတွေစတင်ခဲ့တာတောင် တစ်နှစ်မပြည့်သေးသည့်အချိန်မှာ သူကိုယ်တိုင်ပင် မိုးကြိုးစွမ်းအင်ကို အဆင့်ငါးအထိသာရောက်အောင် စွမ်းဆောင်နိုင်သေးသည်။

သူကပြောင်းလဲမှုကြီးစတင်ပြီး နှစ်ရက်အကြာမှာပဲ စွမ်းအားတွေနိုးထခဲ့ပေမယ့် ထိုကောင်လေးကတော့ သူထားခဲ့တဲ့အချိန်အထိ ဘာစွမ်းအားမှမရှိသေးသည့် အားနည်းသည့်ကောင်လေးပင်။ အခုတော့ထိုကောင်လေးက ရေခဲ၊ ရေ၊ လေနှင့်အပင်စွမ်းအားတွေကိုတောင် နိုးထနိုင်ခဲ့ပြီး အတွင်းအားကိုတောင် ကျင့်နိုင်နေပြီတဲ့လား။

စွမ်းအားနိုးထရုံဆိုရင် သူဒီလောက်အံ့သြမှာမဟုတ်ပေမယ့် စွမ်းအားလေးမျိုးအပြင် ထိုစွမ်းအားတွေဟာလည်း အဆင့်ခုနှစ်လောက်မှာဆိုတော့ ယုံကြည်စရာမကောင်စလောက်ပေ။

သူ့အတွေးတွေကို ဖန်ရှင်းအကူအညီကြောင့် ကြားနေရတဲ့ ယွဲ့ဟူကတော့ ဇာတ်လိုက်ကို အခုချက်ချင်းပင်သွားသတ်ချင်စိတ်တွေ ပေါ်လာသည်။ သူအစကထင်ခဲ့တာက ဇာတ်လိုက်က စွမ်းအားမရှိလို့ မူလပိုင်ရှင်ကိုမကာကွယ်နိုင်လို့ ကိုယ်လွတ်ရုန်းသွားတာဟု ထင်နေမိတာပင်။ အခုတော့ အစွမ်းရှိလျက်နှင့် ကိုယ်လွတ်ရုန်းသွားတာကို သိလိုက်ရတော့ လက်ထဲကိုင်ထားသည့် ရင်းလုံနှင့်သာ သွားပြီးခုတ်ပိုင်းလိုက်ချင်တော့သည်။

''အပြောင်းအလဲကြီးစတာမှ တစ်နှစ်မပြည့်သေးဘူး မင်းကအဆင့်ခုနှစ်ရောက်နေပြီဆိုတော့ ကြွားလွန်းတာပဲလား လိမ်ပြောတာပဲလား''

ခေါင်းဆောင်လီချင်းရဲ့ အကြည့်တွေကို ပြန်တုံ့ပြန်နေတုံး ကြားလိုက်ရတဲ့အသံက နားထဲကိုသံရည်ပူလောင်းချလိုက်သလိုပင်။

You Own Me SomeoneOpowieści tętniące życiem. Odkryj je teraz