Arc 1.11

9.9K 1K 9
                                    

Arc 1.11

ဆေးရုံတစ်ခုရဲ့ အရေးပေါ် ခန်းထဲမှာတော့ ဆရာဝန်တွေဟာ ကောင်လေး တစ်ယောက်ရဲ့ အသက်ကို ကယ်နိုင်ဖို့အတွက် အသည်းအသန် ကြိုးစားနေကြသည် ။

အရေးပေါ် အခန်းရဲ့ အပြင်ဘက်က လူတွေဟာလည်း အထဲက ကောင်လေးအတွက် ရှိသမျှ နတ်ဘုရား အကုန်လုံးစီ ဆုတောင်းနေကြသည် ။ ဒါ့အပြင် အထဲက ကောင်လေးအတွက် စိတ်ပူလွန်ပြီး စိတ်နဲ့ ကိုယ် မကပ်တဲ့ လူတစ်ယောက်လည်း ရှိနေခဲ့သည် ။

" သား ရိပေါ် သတိထားဦးလေ ကျန့်ကျန့်လေး နိုးလာရင် သားဒီလိုဖြစ်နေတာ တွေ့ရင် ဘယ်စိတ်ကောင်းပါ့မလဲ "

" ကလေး... မား ကလေး ပြန်နိုးလာမှာပါနော် "

" ပြန်နိုးလာမှာပါ သားရယ် ကျန့်ကျန့်လေးက သားစီ ပြန်လာမှာပါ သားက အခုလို ဖြစ်နေလို့ မရဘူးလေ.. သွား သား သွေးတွေပေနေတဲ့ အဝတ်အစားတွေ ပြန်သွားလဲချီနော်... "

" ဟင့်အင်း သား. ကလေး စိတ်ချရပြီ ဆိုမှ သွားမယ် မဟုတ်ရင် သား စိတ်အေးရမှာမဟုတ်ဘူး "

ခဏကြာတော့ အရေးပေါ်အခန်း တံခါးလည်း ပွင့်လာခဲ့သည် ။ ဆရာဝန်စီက အသက်အန္တရာယ်. စိုးရိမ်စရာ မရှိတော့ဘူး ဆိုတဲ့ စကား ကြားမှသာ သူလည်း သက်ပြင်းချနိုင်တော့သည် ။

ကလေး အန္တရာယ် မရှိတော့ဘူး ဆိုတော့ ကလေးကို ဒီလို ဖြစ်အောင် လုပ်ခဲ့တဲ့ မိန်းမကို ရှင်းဖို့ သွားရဦးမယ် ။

ကျူးလဲ့ယီ ဆိုတဲ့ မိန်းမ... ကလေးကို လုပ်ကြံရဲတယ် .. နင်မထိသင့်တဲ့ လူကို လာထိလိုက်တာပဲ..

တစ်ကယ်ဆို သူ ကလေးကို ပါတီ ခေါ်မလာခဲ့သင့်ဘူး ။ ဒါဆို ကလေးလည်း ဒီလိုဖြစ်မှာ မဟုတ်ဘူး ။

ကလေးကို မားတို့နဲ့ တွေ့ပေးရင်း လက်ထပ်ခွင့်လည်း တောင်းရအောင် ပါတီကို မရမက ခေါ်လာခဲ့တာ ။ ဘယ်သိပါ့မလဲ သူ အဲ့လို လုပ်လိုက်တာက ကလေးကို ဒီအခြေအနေ ရောက်သွားစေခဲ့မယ် ဆိုတာကို ။

အားလုံးရှေ့မှာ ကလေးကို လက်ထပ်ခွင့် တောင်းပြီးတဲ့ အချိန် ကျူးလဲ့ယီ ကလေးစီကို ဝိုင်ခွက်နဲ့ အတူ ရောက်လာကတည်းက သူတားလိုက် သင့်တာ ..

You Own Me SomeoneWhere stories live. Discover now