ဘေမရှိတော့လို့ နှစ်ရက်နားပါ့မယ် အားလုံးဂရုစိုက်ကြပါနော်
..............................................Arc6.1
[ပြန်လည်ကြိုဆိုပါတယ် host အခုဆို hostမှာ point3600ရရှိပါပြီ]
'' points တွေကို ဂရုမစိုက်နဲ့ ငါ့အတွက်သိပ်ပြီးအရေးကြီးတာမဟုတ်ဘူး အခုလောလောဆယ် ငါ့ရဲ့ခန္ဓာကိုယ်ခဏပြန်ရတဲ့အချိန် သွေးစွမ်းအင်ကောင်းချီးခံပြီး မင်းအဆင့်တက်လိုက်တော့''
[ဟုတ်ကဲ့ပါသခင်]
သူ့ရဲ့စွမ်းအင်နဲ့အတူ လက်ဖျားကနေ သွေးတစ်စက်ကျလာပြီး အဖြူရောင်မြေခွေးလေးရဲ့ နဖူးပေါ်ကိုကျသွားခဲ့သည်။ သူ့ရဲ့မူလစွမ်းအားအပြင် သွေးမျိုးစက်စွမ်းအားတွေပါ ပါဝင်တာမို့ သွေးစက်ကျသွားပြီးချင်းမှာပဲ ဖန်ရှင်းရဲ့အရှိန်အဝါတွေက စတင်ပြောင်းလဲလာခဲ့သည်။
အခုမှခန္ဓာကိုယ်ပုံပေါ်လာတဲ့အချိန် သွေးအဆီအနှစ်ကိုထုတ်လိုက်ရတာမို့ သူ့ရဲ့ပုံစံဟာလည်း မူရင်းဝိညာဉ်ပုံစံပြန်ဖြစ်သွားတော့သည်။ ဖန်ရှင်းကတော့ အဆင့်တက်ဖို့အတွက် ကောင်းကင်ဘုံကိုပြန်သွားခဲ့ပြီ။ သူလည်း spaceထဲမှာထိုင်ရင်းနဲ့ ဝိညာဉ်နဲ့ချီစွမ်းအားတို့ကို ပြန်ကျင့်နေလိုက်သည်။
မူလဘဝတုံးကတော့ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်ဘုံမှာ သူအမြင့်ဆုံးဆိုပေမယ့်လည်း အခုတော့ ခန္ဓာကိုယ်မရှိလို့ ဒန်တျန်မရှိတဲ့အတွက် ဝိညာဉ်စွမ်းအားကိုသာ ပြန်လည်အားကောင်းလာစေရန် အရင်ဆုံးကျင့်ကြံရပေမည်။ ဝိညာဉ်စွမ်းအား အားကောင်းလာတာနဲ့အမျှ သူ့အတွက် ခန္ဓာကိုယ်ဖြစ်တည်မှုလည်း ပိုမိုမြန်ဆန်လာလိမ့်မည်။
spaceထဲမှာ ကျင့်ကြံရသည်က missionတွေလုပ်ရင်း ဝိညာဉ်စွမ်းအားစုတာထက် ပိုပြီးတော့မြန်ဆန်တာမို့ ဖန်ရှင်းမလာမချင်း ကျင့်ကြံနေဖို့ကိုသာ စိတ်ကူးလိုက်သည်။
အချိန်တွေဘယ်လောက်ထိ ကြာသွားလဲဆိုတာသူမသိတော့။ သူမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ ဘေးပတ်လည်ကနေရာတိုင်းက လင်းလက်နေသည်။ အဝေးကနေ အပြာနဲ့အဖြူရောင်ရောစပ်ထားတဲ့ ပုံရိပ်လေးက သူ့စီပြေးလာနေတာကိုမြင်နေရသည်။
ČTEŠ
You Own Me Someone
FanfikceYou Own Me Someone Xiao Zhan က အသက် 17နှစ်သာရှိသေးတဲ့ ကျောင်းသားလေးတစ်ယောက် တစ်နေ့ သူ့crush ဆီကအပြန် လမ်းမှာ ကားတိုက်ခံရပြီး system space ထဲ ရောက်သွားတဲ့အခါ .......... You Own Me Someone Xiao Zhan က အသကျ 17နှစ်တာ ရှိသေးတဲ့ ကျောင်းသားလေးတစ်ယောက် တစ်န...