Arc 2.8

9.9K 996 46
                                    

အားသွင်းကြိုးပျက်နေတာ အခုထိမဝယ်ရသေးပါဘူး ရက်တွေကြာနေပြီမို့ ရှိတဲ့အားလေးနဲ့ ရေးထားတာပါ 😁😁
...........................................................

Arc 2.8

ညီလာခံကပြန်လာတဲ့အချိန် မနက်စာစားဖို့ပြင်ခိုင်းပြီး ကလေးစီယူလာတော့ အဆောင်ထဲမှာရှိမနေ ။ ကလေးဘေးနားမှာထားပေးထားတဲ့ အရိပ်သက်တော်စောင့်ကို မေးကြည့်တော့ မယ်တော့်စီကိုသွားသည်လို့ ပြောလာတာမို့ သူလည်း မယ်တော်ရှိရာ ဇာမဏီဆောင်စီ လာခဲ့လိုက်သည် ။

ကြည့်ရတာ မယ်တော်နဲ့မတွေ့ရတာကြာတော့ သွားတွေတာနေမယ် ။ သူလည်း လိုက်ပို့ချင်ပေမယ့် ကိစ္စတွေကမပျက်သေးတာကြောင့် လိုက်မပို့ခဲ့မိတာ ။

မယ်တော့်အဆောင်ရောက်တော့ အပြင်ဘက်ကနေကို ရယ်သံလွင်လွင်လေး ကြားနေရသည် ။ ကလေးတစ်ယောက် ဘာတွေသဘောကျနေလဲမသိ ။

" မယ်မယ် အိမ်ရှေ့စံမင်းသား ကြွချီလာပါတယ်.. "

" ကြည့်ရတာ မယ်မယ့်သားတော်က ရှီးအာကိုမခွဲနိုင်ဘူးနဲ့တူတယ် . ဒီထိတောင် လိုက်လာတယ်ဆိုတော့. "

" ဟုတ်ကဲ့မယ်မယ် သားတော် ကလေးကိုမခွဲနိုင်တာမို့ နောက်ဆို သားတော်ကိုမပြောဘဲ ခေါ်မသွားပါနဲ့မယ်မယ်.. "

" ထျန်းခုံး... ဘာတွေလျှောက်ပြောနေတာလဲ မယ်တော့်ကို "

" ဘာဖြစ်လဲ ကလေးကလဲ ကိုကအမှန်တိုင်းပြောတာပဲကို "

" အမလေး ဟုတ်ပါပြီ သားတို့နှစ်ယောက်ကို ဒီလိုမြင်ရတာ မယ်တော်ကျေနပ်တယ်... သားတော် ရတနာ လေးကို ကောင်းကောင်းဂရုစိုက်နော် စိတ်တွေလည်း တစ်ခြားကိုမရောက်နဲ့တော့ ရှီးအာလေးကို စိတ်ချမ်းသာအောင်ထားနော် "

" ဟုတ်ကဲ့ပါမယ်တော် သားတော် အရင်ကမှားခဲ့သလိုမျိုးတွေ မဖြစ်စေရတော့ပါဘူး.. အခုကစပြီး သားဘဝမှာ ကလေးတစ်ယောက်ပဲ ရှိတော့တာပါ "

" အင်းပါ.. ဟုတ်ပါပြီ သားတော်ရဲ့စကားကို မယ်တော်မှတ်ထားလိုက်မယ် .. ရှီးအာကို လာခေါ်တာမလား.. သားလေး လိုက်သွားလိုက် မဟုတ်ရင် မနက်စာတောင်စားဝင်ပါ့မလား ပြောမရဘူး "

You Own Me SomeoneWhere stories live. Discover now