Arc 3.5 မုလျန်ဟွား

8.4K 893 36
                                    

Arc 3.5

ချင်းဖန်နဲ့ စကားပြောပြီးတဲ့နောက် သူ အိမ်ကို အမြန်ပြန်လာခဲ့သည် ။ သူ့အိမ်တော်ကိုတော့ မဟုတ် မုလျန်ဟွားရှိရာ ပထမအိမ်တော်စီသို့ ။

သူမုလျန်ဟွားကို မုန်းသည် ။ သူလိုချိင်တာမှန်သမျှကို ချွေးတစ်ပေါက်မကျပါဘဲ အရယူနိုင်တဲ့ သူ့ကို သူမုန်းသည် ။ ဘာလို့ သူ့ဘဝကျ မုလျန်ဟွားလို လက်ညှိုးညွှန်ရာ ရေမဖြစ်ရတာလဲ ။

ဘာလို့ သူ့ကျတော့ ပထမအိမ်တော်က သခင်လေးမဟုတ်ဘဲ ဘာမှ အသုံးမဝင်တဲ့ ဒုတိယအိမ်တော်က သားပဲ ဖြစ်နေရတာလဲ ။ မိသားစုတစ်ခုထဲက ဖြစ်တာတောင် လူတွေက ဘာလို့ မုလျန်ဟွားကိုပဲ အရေးပေးကြတာလဲ ။

ဒါ့ကြောင့် သူ ရန်ချင်းဖန်ကို ရအောက်ယူခဲ့သည် ။ A group ဆိုတဲ့ အရှိန်အဝါက လူတိုင်း သူ့ခြေထောက်အောက်မှာ ဝပ်တွားဖို့အတွက် လုံလောက်တာထက်ပင် ပိုလေသည် ။

အခုလို သူ့အစီအစဉ်တွေ သူ့စိတ်တိုင်းကျ ဖြစ်နေလာပြီးမှ အဆုံးသတ်ကျမှ အလွဲမခံနိုင်ပါ ။ တစ်ကယ်လို့ စေ့စပ်ပွဲဖျက်တဲ့ သတင်းထွက်လာရင် မုလျန်ဟွားရဲ့ အမှားလို့ပဲ လူတွေက တွေးထင်စေရမည် ။

မုလျန်ဟွားဆိုတဲ့ ငတုံးက သူ့လှည့်ကွက်ထဲမှာ လွယ်လွယ်မျောနေကြမို့ အခုလည်း နဲနဲလောက် ကစားပြလိုက်ရင် သူ့ကိုယ်ကို သူ့လက်နဲ့ ကိုယ်တိုင်ဖျက်စီးဖို့ လွယ်သွားပြီ ။

အိမ်ထဲဝင် ဧည့်ခန်းထဲထိုင်လို့ အိမ်တော်ထိန်းကို မုလျန်ဟွားက်ို သွားခေါ်ခိုင်းထားတာပင် နာရီဝက်ဖြစ်နေပြီ ဒင်းက အခုထိ ရောက်နလာသေး ။

လုပ်ထား မုလျန်ဟွား အလှည့်ကျရင်တော့ မနွဲ့စတမ်းပေါ့... ။

လျန်ဟွား အခန်းထဲမှာ ဂိမ်းဆော့ရင်း ဖန်ရှင်းနဲ့ အတင်းပြောနေတုံး အိမ်တော်ထိန်းက မုချင်းယဲ့ ရောက်နေတဲ့ အကြောင်း လာပြောသည် ။ သူလာလာ မလာလာ ငါဘာလုပ်ရမှာလဲဆိုပြီး ဂိမ်းပဲဆက်ဆော့နေလိုက်တာ နာရီဝက်ပင် ရှိပေပြီ ။

[ host ဂိမ်းပဲဆော့မနေနဲ့ဗျ ဇာတ်လိုက်မနဲ့ သွားမတွေ့တော့ဘူးလား ]

' သူဘာသာ လာတာလေ ငါက ဘာလုပ်ရမှာလဲ ဂိမ်းက နောက်ရက်ဆို အလုပ်တတ်ရမှာမို့ ဆော့ရတော့မှာ မဟုတ်ဘူး အဲ့တော့ အခုချိန်ပဲဆော့ရမှာ '

You Own Me SomeoneOù les histoires vivent. Découvrez maintenant