Arc5.1 စစ်ရိပ်ခြံ

6.8K 596 8
                                    

Zawgyi

Arc5.1 စစ်ရိပ်ခြံ

[mission အောင်မြင်ခဲ့လို့ ဂုဏ်ယူပါတယ်host .အခုmissionကရတဲ့ point1500နဲ့အရင်point3100နဲ့ဆို hostမှာအခုpointပေါင်း4600ရှိပါတယ် mission အောင်မြင်တဲ့အတွက် နတ်ဘုရားအဆင့်အသက်ကယ်ဆေးတစ်လုံး ရပါ့မယ်]

'အင်း ဖန်ရှင်း ဒီတစ်ခါ ငါသင်ရမှာတွေကဘာတွေလည်း'

[ဆေးပညာ ပန်းချီပညာ ဘာသာစကား ကြိုက်ရာရွေးပါhost]

'ဆေးပညာရွေးမယ်'

[ အနောက်ကတံခါးထဲဝင်သွားလိုက်ပါ host ကံကောင်းပါစေနော်host ကျွန်တော်အကြာကြီးစောင့်ရအောင် မလုပ်နဲ့နော်]

မြေခွေးလေးဖန်ရှင်းရဲ့အပြောကို လက်ပြပြီးသာဖြေလိုက်ပြီး သင်ရမယ့်နေရာစီဝင်သွားလိုက်သည်။ သူ့မှတ်ညဏ်တွေပြန်ရလာဖို့အတွက် ကမ္ဘာဘယ်နှစ်ခုလောက် သွားရဦးမယ်မသိ။

သူပြန်လာတော့ spaceထဲမှာအိပ်ပျော်နေတဲ့ ဖန်ရှင်းကိုတွေ့လိုက်ရသည်။ ရိုးရာဆေးပညာရော ခေတ်မီဆေးပညာရောသင်ရတာမို့ ဒီတစ်ခါသွားရတာအချိန်တော်တော်ကြာခဲ့သည်။

အိပ်ပျော်နေတဲ့မြေခွေးလေးကိုကြည့်ပြီး ချစ်စရာလေးလို့တွေးမိသွားပြန်သည်။ အမွှေးပွပွလေးတွေကို အသာပွတ်သပ်မိတော့ အဖြူရောင်အမွှေးလုံးလုံးလေးက အနည်းငယ်လှုပ်ခတ်လာပြီး ပြန်အိပ်သွားပြန်သည်။

သေချာကြည့်မှပဲ သူ့systemလေးက လူပုံသဏ္ဌာန်နဲ့မြေခွေးပုံဏ္ဌာန်ကို ကြိုက်သလိုပြောင်းလို့ရတယ်ဆိုတာ သိတော့သည်။

တစ်နာရီလောက်ကြာမှာပဲ အိပ်ပျော်နေတဲ့အမွှေးလုံးလေးက နိုးလာကာ သူ့ကိုမျက်လုံးဝိုင်းကြီးတွေနဲ့ကြည့်ပြီး အသံပေးလာတော့သည်။

'ကြည့်မနေနဲ့တော့ ငါချောတာငါသိတယ်'

[host ကလိပ်ကြီးပဲ]

'အခုမှသိလား ..ငါမေးစရာရှိတယ် မှတ်ညဏ်လုံးကိုအခုဝယ်လို့ရလား'

[ဟုတ်ကဲ့ ရပါတယ်host spaceထဲမှာဖြစ်တဲ့အတွက် hostထိခိုက်မိမှာလည်း မစိုးရိမ်ရပါဘူး ဒါပေမယ့်အများဆုံး နှစ်လုံးပဲကြည့်ခွင့်ရပါမယ် ကျွန်တော်တို့အနေနဲ့ hostရဲ့ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကိုစိတ်မပူရပေမယ့် စိတ်ပိုင်းဆိုင်ရာကိုကျတော့ အာမမခံနိုင်လို့ပါ]

You Own Me SomeoneDonde viven las historias. Descúbrelo ahora