Arc 3.1(မုလျန်ဟွား)

10.8K 998 24
                                    

Arc 3.1မုလျန်ဟွား

ရှောင်းကျန့် space ထဲပြန်ရောက်တဲ့အထိ ရန်ဖုန်းလေးကို သတိရနေဆဲပင် ။
အနှစ်နှစ်ဆယ်ကျော် သူနဲ့အတူရှိခဲ့တဲ့ ဖုန်းအာကို သူတို့နှစ်ယောက်လုံး တစ်ယောက်ထဲ ချန်ထား ရစ်ခဲ့ရသည် ။

" ဖန်ရှင်း ငါ့ကို ဖုန်းအာရဲ့အဆုံးသတ်ကို ပြလို့ရမလား "

[ ဟုတ်ကဲ့ပါ host ရပါတယ် ]

ဖန်ရှင်းရဲ့စကားအဆုံး သူ့အရှေ့မှာ screen တစ်ခုပေါ်လာခဲ့ပြီး ဖုန်းအာကို ပြလေသည် ။ သူ့ရဲ့ဖုန်းအာလေးက ချစ်ရသူနဲ့ မိသားစုလေးတည်ဆောက်ပြီး ပျော်နေခဲ့တာ မြင်ရတော့ သူလည်း စိတ်အေးရသည် ။

" ဖုန်းအာက တစ်ဘဝလုံးကို ဒီလိုပဲ ဖြတ်သန်းသွားခဲ့တာလား "

[ ဟုတ်ပါတယ် host သူချစ်ရတဲ့လူနဲ့ မတွေ့ခင်မှာ ရန်အင်ပါယာကို ကျယ်ပြန့်အောင် ချဲ့ထွင်ခဲ့ပြီး နောက်ပိုင်းမှာ သူ့မိသားစုနဲ့အတူ အင်ပါယာတစ်ခုလုံးကို အုပ်ချုပ်ပြီး အေးအေးချမ်းချမ်းနဲ့ပဲ ဘဝကိုကုန်ဆုံးခဲ့တာပါ host တို့ထွက်သွားခဲ့တဲ့ နေ့ရောက်တိုင်းလည်း အုတ်ဂူကို ကိုယ်တိုင်သန့်ရှင်းရေး လုပ်ပြီး မိသားစုလိုက် လာပြီး ဂါရဝပြုကြပါတယ် ]

" အင်း ဖုန်းအာရဲ့ သားလေးက ချစ်စရာလေးပဲ "

[ အဲ့ကလေးလေးက host ကို အရမ်းချစ်တာပါနော် မမြင်ဖူးဘဲနဲ့ သူ့ခမည်းတော်ပြောပြတာတွေ နားထောင်ပြီး host ကို အရမ်းတွေ့ချင်နေတာ ]

" သူကြည့်ဖို့ ပုံတူပန်းချီတွေ နန်းတွင်းမှာရှိပါတယ်လေ အခုတော့ ငါ့ကို point တွေတွက်ပေးတော့ "

[ ဟုတ်ကဲ့ပါ host mission သုံးခုလုံး အောင်မြင်ခဲ့တဲ့အတွက် point 1500 ရပါတယ် အရင်ကမ္ဘာက point တွေနဲ့ဆို point 2500 ပါ ]

" အင်း "

[ host အတွက် ကျွန်တော် ဒါလေး ယူလာခဲ့တယ် ]

ရှောင်းကျန့် ယူကြည့်လိုက်တော့ အရင်ကမ္ဘာတုံးက သူ့ကို ရိပေါ်ဝယ်ပေးခဲ့တဲ့ ကျောက်စိမ်းဆံထိုးလေး ။ သူ့ခေါင်းပေါ်မှာ နေရာယူခဲ့တဲ့ တစ်ခုတည်းသော ပစ္စည်းလေး ။

အရင်ကမ္ဘာတုံးက သူ ဒီဆံထိုးလေးကလွဲပြီး သူ့ခေါင်းပေါ်မှာ ဘယ်ပစ္စည်းမှ မရှိခဲ့ ။ ဒီဆံထိုးလေးကို ယူမလာနိုင်လောက်ဘူး ထင်ခဲ့တာ ။

You Own Me SomeoneWhere stories live. Discover now