Arc4.9 ရုန်လဲ့

7K 607 19
                                    

Arc 4.9

ကျန်းချင်းရီနဲ့ရုန်လဲ့လေးရဲ့စစ်ပွဲကို ဘေးကနေ ပေါက်ပေါက်စားရင်းထိုင်ကြည့်နေတဲ့ မြေခွေးလေးတစ်ကောင်လည်းရှိလေသည်။

''ဟမ့်! နင့်ကိုအစ်ကိုဝမ်က တစ်ကယ်ချစ်တယ်များထင်နေတာလား အစ်ကိုဝမ်ကနင့်ကို အပျင်းပြေကစားရုံကသက်သက်ပဲ ဆိုတာ သိထားဖို့ကောင်းတယ်''

''အဲ့တာက အဒေါ်ကြီးစိတ်ထဲမှာထင်နေတာလေ အပြင်မှာမဟုတ်မှန်းကို အဒေါ်ကြီးရောကျွန်တော်ရော သိနေတာမလား အဟက်! အမှန်တရားက နည်းနည်းတော့ခါးတယ်နော်''

''နင်..''

''ဘာနင်လဲ.. ကိုယ့်ထက်အကြီးမို့ မသိချင်ယောင်ဆောင်ပေးထားတာကို ငါလှိမ့်ချင်သလိုလှိမ့်လို့ရတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုအထင်ကြီးမနေနဲ့ အဒေါ်ကြီးလွှတ်လိုက်တဲ့လူတွေ ဆိုတာလေ ကျွန်တော့်အတွက်တော့ဖြတ်သွားတဲ့ လေလိုပဲ''

''မင်းဘာတွေလာပြောနေတာလဲ''

''အဒေါ်ကြီးဘာအကွက်တွေ ရွှေ့နေတယ်ဆိုတာသိတဲ့အကြောင်း ပြောတာလေ ဒါနဲ့လေအဒေါ်ကြီး လက်ကောက်ဝတ်ဖို့အတွက် အချိန်ကိုစောင့်နေနော် ''

''လူလေးကငယ်သလောက် အဆိပ်ပြင်းလှချီလား မင်းကဒီလိုကောင်မျိုးဆိုတာ အစ်ကိုဝမ်သာသိသွားရင် ဘာဖြစ်သွားလိမ့်မလဲ''

''စိတ်မပူဘူး ဘာလို့ဆို ကျွန်တော့်ယောက်ျားက ကျွန်တော် ဘယ်လိုပုံစံပဲဖြစ်နေနေ ချစ်နေဦးမှာမို့ အဒေါ်ကြီးသွားပြောလည်းအသုံးမဝင်ဘူး ဒါနဲ့ အဒေါ်ကြီးကိုပြောရဦးမယ် ကျွန်တော့်ယောက်ျားအနားကို သိပ်မကပ်နဲ့ ''

''အဲ့ဒါကငါ့သဘောပါ ငါကဘာကိစ္စ မင်းပြောတဲ့အတိုင်းလုပ်ရမှာလဲ''

''သိချင်ရင်စမ်းကြည့်လို့ရတယ် အခုတော့ ကျွန်တော်စာလုပ်စရာရှိသေးလို့ အဒေါ်ကြီးနဲ့ကစားပေးဖို့ မအားသေးဘူး ဒါ့ကြောင့် ကျေးဇူးပြုပြီးကိုယ်နဲ့မသက်ဆိုင်တဲ့ နေရာကနေ အလိုက်တသိနဲ့ထွက်သွားပေးလိုက်ပါ''

အကြည့်တွေကသာ လူသတ်နိုင်တယ်ဆိုရင် ရုန်လဲ့လေးတို့ အခါတစ်ရာမကသေနေရလောက်ပြီ။ ဇာတ်လိုက်မရဲ့အကြည့်တွေထဲ ဓားတွေကတ်ကြေးတွေပါလာသလို။ ဘယ်ပြောနိုင်မလဲ အပြင်မှာနိုင်အောင်မပြောနိုင်ပေမယ့် စိတ်ထဲမှာတော့ သူ့ကိုအကြိမ်ကြိမ်သတ်ပြီး နေလောက်ပြီ။

You Own Me SomeoneWhere stories live. Discover now