Arc 3.4 မုလျန်ဟွား
" ချင်းဖန် ဟိုအကောင်နဲ့ စေ့စပ်ပွဲကို ဘယ်တော့ဖျက်ကြမှာလဲဟင် "
" အင်း ချင်းယဲ့ .. သူက ကိုယ်တို့အကြောင်းကို သိသွားပြီး စေ့စပ်ပွဲကို ဖျက်ဖို့ မုသခင်ကြီးတို့ကို ပြောထားတယ်တဲ့ "
" ဘာ အဲ့တာဆို သူ.. သူက သူ့မိဘတွေကို အမှန်အတိုင်းပြောပြီး ဖျက်ခိုင်းတာလား "
" အဲ့တာတော့ ကိုယ်လည်းမသိဘူး .. ဘာလို့လဲ အမှန်အတိုင်း သိသွားကြတော့လည်း ကောင်းတာပဲ မဟုတ်ဘူးလား ကိုယ်တို့နှစ်ယောက် နီးစပ်ဖို့အတွက် ပိုပြီးလွယ်သွားမှာ မဟုတ်ဘူးလား "
" ဒါပေမယ့် အဲ့လိုဆိုရင် လူတွေက ကျွန်တော်တို့ကို ပြောကြမှာပေါ့ မဖြစ်ဘူး ချင်းဖန် သူတို့ဘက်က မကြေညာခင် အရင် စေ့စပ်ပွဲဖျက်ကြောင်း ကြေညာလိုက်ပါ့လား "
" မဖြစ်ဘူး ကိုယ့်ဦးလေးက သဘောတူမှာမဟုတ်ဘူး "
" အင်းပါ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ နီးစပ်ဖို့ပဲ အရေးကြီးတာပါ ဒါနဲ့ CEO ရန် နဲ့ ကျွန်တော့်ကို ဘယ်တော့တွေ့ပေးမှာလဲဟင် "
" အင်း ကိုယ့်ဦးလေးကို ပြောကြည့်ဦးမယ် အခုတော့ ကိုယ်တို့ ပြန်ကြရအောင် "
' မုလျန်ဟွားက ငါတို့အကြောင်း သိသွားပြီဆိုရင် မုအိမ်တော်ကို အမှန်တိုင်း ပြောလိုက်မှာပဲ ဒါဆို ငါပဲနာမည်ပျက်လိမ့်မယ် မဖြစ်ဘူး တစ်ခုခုတော့ စီစဉ်ရမယ်.. '
ရန်ချင်းဖန် အိမ်တော်ကို ပြန်ရောက်တော့ သူ့ဦးလေးရဲ့ အလုပ်ခန်းကို သွားလိုက်သည် ။အမှန်တော့ သူ့ဦးလေးကို သူလည်း ကြောက်ရပါသည် ။
သူ့ကို အမြဲနောက်ကွယ်ကနေ ထောက်ပံ့ပေးနေတဲ့ သူ့ဦးလေးသာ မရှိခဲ့ရင် ဒီနေ့ သူဆိုတာလည်း ရှိလာခဲ့မှာ မဟုတ်ပေ ။ ပါးနဲ့မား မရှိကတည်းက ဦးလေးကသာ သူ့ရဲ့ အားကိုးရာ ဖြစ်ခဲ့ရတာပင် ။
" ဦးလေး ကျွန်တော်ဝင်လာခဲ့လို့ ရမလား "
" ချင်းဖန်လား ဝင်လာခဲ့.. "
အေးစက်နေတဲ့ သူ့ဦးလေးရဲ့ လေသံကြောင့် ကျောရိုးတစ်လျှောက် အေးစက်သွားရတော့သည် ။ မျက်မှောင်ကြုတ်ပြီး ဆိုဖာပေါ်မှာ ထိုင်နေတဲ့ သူ့ဦးလေးဟာ ဘာတွေကို အလိုမကျဖြစ်နေလဲ မပြောတတ်ပေ ။
ESTÁS LEYENDO
You Own Me Someone
FanficYou Own Me Someone Xiao Zhan က အသက် 17နှစ်သာရှိသေးတဲ့ ကျောင်းသားလေးတစ်ယောက် တစ်နေ့ သူ့crush ဆီကအပြန် လမ်းမှာ ကားတိုက်ခံရပြီး system space ထဲ ရောက်သွားတဲ့အခါ .......... You Own Me Someone Xiao Zhan က အသကျ 17နှစ်တာ ရှိသေးတဲ့ ကျောင်းသားလေးတစ်ယောက် တစ်န...