Arc6.6
ရနိုင်သမျှကို ရိတ်သိမ်းပြီးတာနှင့် မှောင်ရိပ်မသန်းခင်မှာပင် စခန်းကိုပြန်လာခဲ့ကြသည်။ စခန်းရောက်သည်နှင့် စွမ်းအားစစ်ဆေးမှုလုပ်ကာ အသင်းဝင်ကတ်ကိုပြုလုပ်ရသည်။ d base က တစ်ကယ်တော့ တိုင်းပြည်၏အကြီးမားဆုံး base အဖြစ်ထိုက်တန်သည်။ နေရာဟာလည်းကျယ်ဝန်းပြီး ဒီထဲမှာ စွမ်းအားရှင်များပေါများသည်။
စွမ်းအားရှင်ပမာဏ၏ တစ်ဝက်လောက်က d baseကဖြစ်ပြီး ကျန်တစ်ဝက်ကတော့ ကမ္ဘာအနှံ့တည်ရှိနေသည့် basesများမှဖြစ်သည်။ စွမ်းအားရှင်များက တတ်နိုင်သမျှ အဖွဲ့လိုက်သာလှုပ်ရှားကြသည်။ သို့မှသာ သေဆုံးနှုန်းကနည်းပါးမည်ဖြစ်သောကြောင့်ပင်။ စွမ်းအားရှင်တစ်ယောက် သေဆုံးသွားပါက နောက်ထပ်အစားထိုးနိုင်ဖို့ အချိန်မည်မျှကြာမည်ကို မသိနိုင်တာကြောင့် စွမ်းအားရှင်တစ်ယောက်လျော့နည်းလျှင်ပင် စခန်းအတွက်အင်အားနည်းပါးသွားနိုင်သည်။
စခန်းရဲ့အလည်မှာရှိသည့် စွမ်းအင်အမြုတေအထဲသို့ သူ၏စွမ်းအားများထည့်သွင်းလိုက်သည်နှင့် အဖြူရောင် အစိမ်းရောင်နှင့် မြူပုံစံအငွေ့များဖွဲ့တည်လာပြီး ရေခဲတမျှအေးစက်မှုကိုလည်း ခံစားလိုက်ကြရသည်။
''ကောင်းပြီ ယွဲ့ဟူကဒီနေ့ကစပြီး စခန်းရဲ့ဒုတိယခေါင်းဆောင်ပဲ''
ခေါင်းဆောင်ရဲ့ကြေညာချက်ကိုကြားပြီး တစ်ချို့လူတွေက လက်မခံနိုင်ကြတာမို့ ဆူပူလာကြတော့သည်။ သူ့အတွက်လည်း ဒုခေါင်းဆောင်ဆိုသည့်ရာထူးကို မလိုချင်တာမို့ ငြင်းရန်ကြံနေသည့်အချိန်မှာပဲ ဇာတ်လိုက်မရဲ့စကားကိုကြားပြီး စိုက်ကြည့်ပေးနေလိုက်သည်။
''ခေါင်းဆောင် အခုမှရောက်လာတဲ့လူကို ဒုခေါင်းဆောင်ရာထူးပေးတာ ကျန်တဲ့လူတွေအတွက် မတရားပါဘူး ခေါင်းဆောင် သေချာပြန်ပြီးစဉ်းစားကြည့်ပါဦး''
သူပြောလိုက်တာနဲ့ သူ့အပေါ်ကိုရေခဲတမျှအေးစက်နေသည့်အကြည့်တွေနှင့် စိုက်ကြည့်လာပါသည့် ခေါင်းဆောင်နှင့် လီယွဲ့ဟူဆိုသည့်အကောင်။ ခေါင်းဆောင်ကဘာလို့များ ထိုကောင်လေးကိုစွဲလမ်းနေရတယ်ဆိုတာ သူမသိတော့ဘူး။ အမှတ်အသားပေးခံရတယ်ဆိုတာ သိရဲ့သားနှင့်ပင် ထိုကောင်လေးကိုစွဲလမ်းနေသည့် ခေါင်းဆောင်ကြောင့် အံ့သြရပါသည်။
YOU ARE READING
You Own Me Someone
FanfictionYou Own Me Someone Xiao Zhan က အသက် 17နှစ်သာရှိသေးတဲ့ ကျောင်းသားလေးတစ်ယောက် တစ်နေ့ သူ့crush ဆီကအပြန် လမ်းမှာ ကားတိုက်ခံရပြီး system space ထဲ ရောက်သွားတဲ့အခါ .......... You Own Me Someone Xiao Zhan က အသကျ 17နှစ်တာ ရှိသေးတဲ့ ကျောင်းသားလေးတစ်ယောက် တစ်န...